Quran Apps in many lanuages:

Surah Al-Anbiya Ayahs #55 Translated in Burmese

وَلَقَدْ آتَيْنَا إِبْرَاهِيمَ رُشْدَهُ مِنْ قَبْلُ وَكُنَّا بِهِ عَالِمِينَ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်(တမန်တော်)အိဗ်ရာဟီမ်အား ရှေးဦးမဆွကပင် ၎င်း၏ဆင်ခြင်တုံတရားကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ကောင်းစွာသိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا هَٰذِهِ التَّمَاثِيلُ الَّتِي أَنْتُمْ لَهَا عَاكِفُونَ
အကြင်အခါဝယ် ထိုအိဗ်ရာဟီမ်သည် မိမိဖခင်အားလည်းကောင်း၊ မိမိအမျိုးသားတို့အားလည်းကောင်း၊ (အချင်းတို့၊)အသင်တို့ စွဲလမ်းကိုးကွယ်လျှက်ရှိကြကုန်သော ဤရုပ်တုများကား အဘယ်သို့သောအရာများနည်းဟု ပြောဆို(မေးမြန်း)ခဲ့လေသည်။
قَالُوا وَجَدْنَا آبَاءَنَا لَهَا عَابِدِينَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ဘိုးဘေးတို့အား ဤရုပ်တုများကိုကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်ဟု ပြောဆို(ဖြေကြား) ခဲ့ကြလေသည်။
قَالَ لَقَدْ كُنْتُمْ أَنْتُمْ وَآبَاؤُكُمْ فِي ضَلَالٍ مُبِينٍ
ထိုအိဗ်ရာဟီမ်က အသင်တို့သည်လည်းကောင်း၊အသင်တို့၏အဘ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ထင်ရှားစွာသော မှောက်မှားမှု၌ပင် ရှိခဲ့ကြကုန်သည်ဟု ပြောကြားခဲ့၏။
قَالُوا أَجِئْتَنَا بِالْحَقِّ أَمْ أَنْتَ مِنَ اللَّاعِبِينَ
၎င်းတို့က(အို-အိဗ်ရာဟီမ်)အသင်သည် ကျွန်ုပ်တို့ထံ အမှန်ကို ယူဆောင်လာခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် ပြက်ချော်ပြောင်လှောင်သူတစ်ဦးပင် ဖြစ်လေသလောဟု ပြောဆိုခဲ့ကြကုန်၏။

Choose other languages: