Quran Apps in many lanuages:

Surah Al-Anbiya Ayahs #47 Translated in Burmese

أَمْ لَهُمْ آلِهَةٌ تَمْنَعُهُمْ مِنْ دُونِنَا ۚ لَا يَسْتَطِيعُونَ نَصْرَ أَنْفُسِهِمْ وَلَا هُمْ مِنَّا يُصْحَبُونَ
၎င်းတို့၌ ငါအရှင်မြတ်အပြင် မိမိတို့အား ကာကွယ်အံ့သောကိုးကွယ်ရာများ ရှိကြလေသလော။ (စင်စစ်)ယင်းကိုးကွယ်ရာများသည် မိမိတို့ကိုယ်ကိုပင် ကူညီရန် တတ်စွမ်းနိုင်ကြသည် မဟုတ်ပေ။ ထိုနည်းတူစွာ ၎င်းတို့သည် ငါအရှင်မြတ်(၏ပြစ်ဒဏ်မှ) ကာကွယ်စောင့်ရှောက်ခြင်းကို ခံကြရမည်လည်း မဟုတ်ပေ။
بَلْ مَتَّعْنَا هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ الْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا ۚ أَفَهُمُ الْغَالِبُونَ
စင်စစ်မှာကား ငါအရှင်မြတ်သည် ယင်းတို့အားလည်းကောင်း၊ ယင်းတို့၏ အဘ၊ အဘိုး၊ ဘေးတို့ အားလည်းကောင်း၊ (လောကီစည်းစိမ်များကို ချီးမြှင့်တော်မူခြင်းအားဖြင့်) အသက်တာ ရှည်လျားသွားသည်အထိ စံစားစေတော်မူခဲ့၏။ ငါအရှင်မြတ်သည် (မက္ကာမြို့၏)မြေကို ဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့ (ကျဉ်းမြောင်း)အောင် ပြုလုပ်လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ သို့ဖြစ်ရာ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြမည်လော။
قُلْ إِنَّمَا أُنْذِرُكُمْ بِالْوَحْيِ ۚ وَلَا يَسْمَعُ الصُّمُّ الدُّعَاءَ إِذَا مَا يُنْذَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အား "ဝဟ်ယ်" အမိန့်တော်ဖြင့် သတိပေးနှိုးဆော်ခြင်းသာဖြစ်သည်။ သို့ရာတွင် နားပင်းသူများမှာမူကား သတိပေးနှိုးဆော်ခြင်း ခံကြရသောအခါ ဟစ်ခေါ်ခြင်းကိုပင် မကြားကြချေ။
وَلَئِنْ مَسَّتْهُمْ نَفْحَةٌ مِنْ عَذَابِ رَبِّكَ لَيَقُولُنَّ يَا وَيْلَنَا إِنَّا كُنَّا ظَالِمِينَ
ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင် ၎င်းတို့က "ဪ-ကျွန်ုပ်တို့ဖြစ်မှဖြစ်ရလေခြင်း၊ ကျွန်ုပ်တို့သည်သာလျှင် မတရားမှုကို ကျူးလွန်သော သူများဖြစ်ကြသည်" ဟု (ညည်းညူမြည်တမ်း) ပြောဆိုကြပေမည်။
وَنَضَعُ الْمَوَازِينَ الْقِسْطَ لِيَوْمِ الْقِيَامَةِ فَلَا تُظْلَمُ نَفْسٌ شَيْئًا ۖ وَإِنْ كَانَ مِثْقَالَ حَبَّةٍ مِنْ خَرْدَلٍ أَتَيْنَا بِهَا ۗ وَكَفَىٰ بِنَا حَاسِبِينَ
စင်စစ် ငါအရှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။

Choose other languages: