Quran Apps in many lanuages:

Surah Al-Anbiya Ayahs #27 Translated in Burmese

لَا يُسْأَلُ عَمَّا يَفْعَلُ وَهُمْ يُسْأَلُونَ
ထိုအရှင်မြတ်သည် မိမိပြုလုပ်တော်မူသော ကိစ္စများနှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းခြင်း ခံရတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့မူကား (မိမိတို့ပြုလုပ်ကြသော အမှုကိစ္စတို့နှင့်စပ်လျဉ်း၍) စစ်ဆေး မေးမြန်းခြင်းကို ခံကြရပေမည်။
أَمِ اتَّخَذُوا مِنْ دُونِهِ آلِهَةً ۖ قُلْ هَاتُوا بُرْهَانَكُمْ ۖ هَٰذَا ذِكْرُ مَنْ مَعِيَ وَذِكْرُ مَنْ قَبْلِي ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ الْحَقَّ ۖ فَهُمْ مُعْرِضُونَ
သို့ပါလျက် ယင်း(မုရှ်ရစ်က်)တို့သည် ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာများပြုလုပ်ထားကြသလော။ (အို-နဗီ တမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ၊(အချင်းတို့)အသင်တို့သည် မိမိတို့၏သက်သေသာဓက အထောက်အထားများကို ယူဆောင်ခဲ့ကြလေကုန်။ ဤသည် ငါနှင့်အတူရှိကြသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ငါ၏အလျင် ရှိခဲ့ဖူးသောသူတို့အား သတိပေးနှိုးဆော်ချက်သည်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ပါလျက်ထိုသူတို့အနက် အများဆုံးသောသူတို့မှာမူကား အမှန်ကို မသိကြချေ။ သို့ဖြစ်ပေရာ၎င်းတို့သည် မျက်နှာလွှဲ၍ နေကြကုန်၏။
وَمَا أَرْسَلْنَا مِنْ قَبْلِكَ مِنْ رَسُولٍ إِلَّا نُوحِي إِلَيْهِ أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاعْبُدُونِ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။
وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا ۗ سُبْحَانَهُ ۚ بَلْ عِبَادٌ مُكْرَمُونَ
ထိုမှတစ်ပါး ၎င်းတို့က "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည်(မလာအိကဟ် ကောင်းကင်တမန်များအား)သားသမီးပြုလုပ်တော်မူခဲ့သည်ဟု (စွပ်စွဲ)ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား (ကောင်းကင်တမန်သည်ထိုအရှင်မြတ်၏သားသမီးများ မဟုတ်ကြချေ။ ထိုအရှင်မြတ်၏) မြင့်မြတ်သော ကျွန်များပင် ဖြစ်ကြကုန်၏။
لَا يَسْبِقُونَهُ بِالْقَوْلِ وَهُمْ بِأَمْرِهِ يَعْمَلُونَ
ယင်း(ကောင်းကင်တမန်)တို့မူကား ထိုအရှင်မြတ်၏ရှေ့တော်သို့ကျူး၍ စကားပြောဆိုနိုင်ကြသည် အလျှင်းမဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုသာ (တစ်သွေမတိမ်း)လိုက်နာ ဆောင်ရွက်ကြကုန်၏။

Choose other languages: