Quran Apps in many lanuages:

Surah Al-Anbiya Ayahs #30 Translated in Burmese

وَقَالُوا اتَّخَذَ الرَّحْمَٰنُ وَلَدًا ۗ سُبْحَانَهُ ۚ بَلْ عِبَادٌ مُكْرَمُونَ
ထိုမှတစ်ပါး ၎င်းတို့က "ရဟ်မာန်" အနန္တကရုဏာတော်ရှင်သည်(မလာအိကဟ် ကောင်းကင်တမန်များအား)သားသမီးပြုလုပ်တော်မူခဲ့သည်ဟု (စွပ်စွဲ)ပြောဆိုကြကုန်၏။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား (ကောင်းကင်တမန်သည်ထိုအရှင်မြတ်၏သားသမီးများ မဟုတ်ကြချေ။ ထိုအရှင်မြတ်၏) မြင့်မြတ်သော ကျွန်များပင် ဖြစ်ကြကုန်၏။
لَا يَسْبِقُونَهُ بِالْقَوْلِ وَهُمْ بِأَمْرِهِ يَعْمَلُونَ
ယင်း(ကောင်းကင်တမန်)တို့မူကား ထိုအရှင်မြတ်၏ရှေ့တော်သို့ကျူး၍ စကားပြောဆိုနိုင်ကြသည် အလျှင်းမဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုသာ (တစ်သွေမတိမ်း)လိုက်နာ ဆောင်ရွက်ကြကုန်၏။
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ارْتَضَىٰ وَهُمْ مِنْ خَشْيَتِهِ مُشْفِقُونَ
ထိုအရှင်မြတ်သည် ၎င်းတို့၏ ရှေ့နောက်အကြောင်းကိစ္စ အလုံးစုံတို့ကို (အကြွင်းမဲ့) သိတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့သည် ထိုအရှင်မြတ် ကျေနပ်နှစ်သက်တော်မူသော သူမှတစ်ပါး မည်သူ့အဖို့မျှ ကြားဝင် အသနားခံနိုင်ကြမည် မဟုတ်ပေ။စင်စစ် သော်ကား ၎င်းတို့သည် ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညားမှုကြောင့် (အမြဲတစေ)ကြောက်ရွံ့လျှက်ပင် ရှိကြကုန်၏။
وَمَنْ يَقُلْ مِنْهُمْ إِنِّي إِلَٰهٌ مِنْ دُونِهِ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
စင်စစ် ၎င်းတို့အနက် မည်သူမဆို ကျွန်ုပ်သည်လည်း ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာအရှင်(တစ်ပါး) ဖြစ်သည်ဟု ပြောဆိုပါမူ ငါအရှင်မြတ်သည် ၎င်းအား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ပေးတော်မူမည်။ ငါအရှင်မြတ်သည် ကျူးလွန်သူတို့အား ဤနည်းအတိုင်းပင် ပြစ်ဒဏ်ပေးတော်သည်သာ ဖြစ်သည်။
أَوَلَمْ يَرَ الَّذِينَ كَفَرُوا أَنَّ السَّمَاوَاتِ وَالْأَرْضَ كَانَتَا رَتْقًا فَفَتَقْنَاهُمَا ۖ وَجَعَلْنَا مِنَ الْمَاءِ كُلَّ شَيْءٍ حَيٍّ ۖ أَفَلَا يُؤْمِنُونَ
စင်စစ် မိုးကောင်းကင်များသည်လည်းကောင်း၊ပထဝီမြေသည်လည်းကောင်း၊ ပိတ်လျက်ရှိခဲ့သည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးကို ဖွင့်ပေးတော်မူခဲ့သည်။ (ဤသည်ကို)ကာဖိရ်များမသိ မမြင်ခဲ့ကြလေသလော။ ထို့ပြင်ငါအရှင်မြတ်သည် ရေဖြင့် သက်ရှိသတ္တဝါ ခပ်သိမ်းကိုဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် ၎င်းတို့သည်သင်ဝင်ယုံကြည်ခြင်း မရှိကြလေသလော။

Choose other languages: