Quran Apps in many lanuages:

Surah Al-Anbiya Ayahs #19 Translated in Burmese

فَمَا زَالَتْ تِلْكَ دَعْوَاهُمْ حَتَّىٰ جَعَلْنَاهُمْ حَصِيدًا خَامِدِينَ
၎င်းတို့၏ ထို ဟစ်အော်မြည်တမ်းမှုသည် (ဆက်လက်၍) ရှိမြဲအတိုင်းပင်ရှိနေခဲ့၏။ နောက်ဆုံးတွင် ငါအရှင်မြတ်သည် ၎င်းတို့အား ရိတ်သိမ်းပြီးဖြစ်သော လယ်ယာကိုငြိမ်းသွားသော မီး(ကဲ့သို့) ပြုလုပ်တော်မူခဲ့ပေသတည်း။
وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا لَاعِبِينَ
စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ) နှစ်ခု၏အကြား၌ ရှိသည်တို့ကိုလည်းကောင်း၊ကစားသူအဖြစ်(အပျင်းပြေ)ဖန်ဆင်းထားတော်မူသည်မဟုတ်ပေ။
لَوْ أَرَدْنَا أَنْ نَتَّخِذَ لَهْوًا لَاتَّخَذْنَاهُ مِنْ لَدُنَّا إِنْ كُنَّا فَاعِلِينَ
အကယ်၍သာ ငါအရှင်မြတ်သည် အပျင်းပြေကစားစရာကိုသာ ပြုလုပ်ရန် ရည်စူးတော်မူခဲ့ပါလျှင် ငါအရှင်မြတ်သည် ယင်းကစားစရာကို ဧကန်မုချ မိမိအထံတော်၌ ရှိသည်တို့အနက်မှပင် ပြုလုပ်ထားတော်မူပေမည်။ အကယ်၍သာ ငါအရှင်မြတ်သည် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူခဲ့ပါလျှင်။
بَلْ نَقْذِفُ بِالْحَقِّ عَلَى الْبَاطِلِ فَيَدْمَغُهُ فَإِذَا هُوَ زَاهِقٌ ۚ وَلَكُمُ الْوَيْلُ مِمَّا تَصِفُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် အမှန်ကို အမှားပေါ်၌ပစ်ပေါက်တော်မူ၏။ ထိုအခါ ယင်းအမှန်သည် ထိုအမှား၏ဦးနှောက်ကို ထွက်စေ၏။ ထိုအခါယင်းအမှားသည် ရုတ်တရက် ပျောက်ပျက်သွားလေ၏။ စင်စစ်အသင်တို့၌ မိမိတို့၏ ကြံဖန်စွပ်စွဲချက်များကြောင့် ပျက်စီးခြင်းသည် ရှိပေမည်။
وَلَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَمَنْ عِنْدَهُ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِ وَلَا يَسْتَحْسِرُونَ
စင်စစ်သော်ကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိသူအားလုံး တို့သည်ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် ထိုအရှင်မြတ်၏အပါးတော်၌ ရှိနေသူတို့သည်ထိုအရှင်မြတ်အား ခဝပ်ခြင်းမှ မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။ မောပန်းကြသည်လည်း မရှိပေ။

Choose other languages: