Quran Apps in many lanuages:

Surah Al-Anbiya Ayahs #21 Translated in Burmese

لَوْ أَرَدْنَا أَنْ نَتَّخِذَ لَهْوًا لَاتَّخَذْنَاهُ مِنْ لَدُنَّا إِنْ كُنَّا فَاعِلِينَ
အကယ်၍သာ ငါအရှင်မြတ်သည် အပျင်းပြေကစားစရာကိုသာ ပြုလုပ်ရန် ရည်စူးတော်မူခဲ့ပါလျှင် ငါအရှင်မြတ်သည် ယင်းကစားစရာကို ဧကန်မုချ မိမိအထံတော်၌ ရှိသည်တို့အနက်မှပင် ပြုလုပ်ထားတော်မူပေမည်။ အကယ်၍သာ ငါအရှင်မြတ်သည် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူခဲ့ပါလျှင်။
بَلْ نَقْذِفُ بِالْحَقِّ عَلَى الْبَاطِلِ فَيَدْمَغُهُ فَإِذَا هُوَ زَاهِقٌ ۚ وَلَكُمُ الْوَيْلُ مِمَّا تَصِفُونَ
ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား ငါအရှင်မြတ်သည် အမှန်ကို အမှားပေါ်၌ပစ်ပေါက်တော်မူ၏။ ထိုအခါ ယင်းအမှန်သည် ထိုအမှား၏ဦးနှောက်ကို ထွက်စေ၏။ ထိုအခါယင်းအမှားသည် ရုတ်တရက် ပျောက်ပျက်သွားလေ၏။ စင်စစ်အသင်တို့၌ မိမိတို့၏ ကြံဖန်စွပ်စွဲချက်များကြောင့် ပျက်စီးခြင်းသည် ရှိပေမည်။
وَلَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَمَنْ عِنْدَهُ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِ وَلَا يَسْتَحْسِرُونَ
စင်စစ်သော်ကား မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိသူအားလုံး တို့သည်ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသောသူများပင် ဖြစ်ကြကုန်၏။၎င်းပြင် ထိုအရှင်မြတ်၏အပါးတော်၌ ရှိနေသူတို့သည်ထိုအရှင်မြတ်အား ခဝပ်ခြင်းမှ မာန်မာနထောင်လွှားကြသည် မဟုတ်ပေ။ မောပန်းကြသည်လည်း မရှိပေ။
يُسَبِّحُونَ اللَّيْلَ وَالنَّهَارَ لَا يَفْتُرُونَ
ယင်း (အပါးတော်၌ ရှိသူတို့သည်) (ထို အရှင်မြတ်) စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို နေ့ညဉ့်မပြတ် မြွက်ဆိုဘာဝနာ စီးဖြန်းလျက်ရှိကြကုန်၏။ ရပ်တန့်ကြသည်ဟူ၍လည်း မရှိပေ။
أَمِ اتَّخَذُوا آلِهَةً مِنَ الْأَرْضِ هُمْ يُنْشِرُونَ
သို့ပါလျက် ၎င်း(မုရှ်ရစ်က်)တို့သည် ပထဝီမြေမှဖြစ်သောအရာများကို ကိုးကွယ်ရာများ ပြုလုပ် ထားကြလေသလော။ ယင်းအရာများသည် ရှင်ပြန်စေနိုင်ကြသည်(လော)။

Choose other languages: