Quran Apps in many lanuages:

Surah Al-Anbiya Ayahs #107 Translated in Burmese

لَا يَحْزُنُهُمُ الْفَزَعُ الْأَكْبَرُ وَتَتَلَقَّاهُمُ الْمَلَائِكَةُ هَٰذَا يَوْمُكُمُ الَّذِي كُنْتُمْ تُوعَدُونَ
၎င်းတို့သည် ထိုအကြီးဆုံးသော ထိတ်လန့်ဖွယ်(ဖြစ်သောကိယာမသ်နေ့သည်)ပင်လျှင် စိတ်ဒုက္ခရောက်စေမည်မဟုတ်။ ၎င်းအပြင်(ထိုနေ့တွင်) မလာအိကဟ်ကောင်းကင်တမန်များက ၎င်းတို့အား "ဤနေ့သည်ကား အသင်တို့အားချိန်းချက်ထားသောနေ့ ဖြစ်သည်" ဟူ၍ပင် ကြိုဆိုဧည့်ခံကြအံ့သတည်း။
يَوْمَ نَطْوِي السَّمَاءَ كَطَيِّ السِّجِلِّ لِلْكُتُبِ ۚ كَمَا بَدَأْنَا أَوَّلَ خَلْقٍ نُعِيدُهُ ۚ وَعْدًا عَلَيْنَا ۚ إِنَّا كُنَّا فَاعِلِينَ
(အို-နဗီတမန်တော်)အကြင်(နေ့၏အကြောင်းကိုလည်းပြောကြားပါလေ။)ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို ရေးသားထားသော မှတ်တမ်းစာရွက်လိပ်ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမအကြိမ်စတင် ဖန်ဆင်းတော်မူသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ပြုလုပ်(ဖန်ဆင်း)တော်မူပေမည်။ (ဤသည် ငါအရှင်မြတ်) မိမိအပေါ်၌ကတိပြု(တာဝန်ယူ)တော်မူခြင်းပင် ဖြစ်ပေရာ ဧကန်အမှန် ငါအရှင်မြတ်သည် (မိမိကတိတော်အတိုင်း)ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
وَلَقَدْ كَتَبْنَا فِي الزَّبُورِ مِنْ بَعْدِ الذِّكْرِ أَنَّ الْأَرْضَ يَرِثُهَا عِبَادِيَ الصَّالِحُونَ
မချွတ်မလွဲ ငါအရှင်မြတ်သည် "လောက်ဟ်မဟ်ဖူဇ်" သင်ပုန်း( ၌ရေးသားတော်မူပြီး)နောက်၊ ကောင်းကင်ကျကျမ်းတော်(လည်း) ဧကန်စင်စစ် မြေကို ငါအရှင်မြတ်၏ သူတော်စင် ကျွန်များပင် အမွေဆက်ခံကြမည်ဟု ရေးသားတော်မူခဲ့ပြီးဖြစ်ပေသတည်း။
إِنَّ فِي هَٰذَا لَبَلَاغًا لِقَوْمٍ عَابِدِينَ
မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်)၌ ခဝပ်ကိုးကွယ်သူတို့အဖို့ အမှန်ပင် (ရှင်းလင်းသော) အကြောင်းကြားချက်သည် ရှိပေသည်။
وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِلْعَالَمِينَ
စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာ တော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။

Choose other languages: