Quran Apps in many lanuages:

Surah Al-Anbiya Ayahs #109 Translated in Burmese

وَلَقَدْ كَتَبْنَا فِي الزَّبُورِ مِنْ بَعْدِ الذِّكْرِ أَنَّ الْأَرْضَ يَرِثُهَا عِبَادِيَ الصَّالِحُونَ
မချွတ်မလွဲ ငါအရှင်မြတ်သည် "လောက်ဟ်မဟ်ဖူဇ်" သင်ပုန်း( ၌ရေးသားတော်မူပြီး)နောက်၊ ကောင်းကင်ကျကျမ်းတော်(လည်း) ဧကန်စင်စစ် မြေကို ငါအရှင်မြတ်၏ သူတော်စင် ကျွန်များပင် အမွေဆက်ခံကြမည်ဟု ရေးသားတော်မူခဲ့ပြီးဖြစ်ပေသတည်း။
إِنَّ فِي هَٰذَا لَبَلَاغًا لِقَوْمٍ عَابِدِينَ
မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်)၌ ခဝပ်ကိုးကွယ်သူတို့အဖို့ အမှန်ပင် (ရှင်းလင်းသော) အကြောင်းကြားချက်သည် ရှိပေသည်။
وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِلْعَالَمِينَ
စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာ တော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။
قُلْ إِنَّمَا يُوحَىٰ إِلَيَّ أَنَّمَا إِلَٰهُكُمْ إِلَٰهٌ وَاحِدٌ ۖ فَهَلْ أَنْتُمْ مُسْلِمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားအချင်းတို့) တစ်ဆူတည်းသောကိုးကွယ်ရာအရှင်မြတ် သည်သာလျှင် အသင်တို့၏ ကိုးကွယ်ရာအရှင် ဖြစ်တော်မူကြောင်းငါ့ထံသို့ "ဝဟ်ယ်" အမိန့်တော် ပေးပို့ခြင်းခံရသည်။ သို့ဖြစ်ပေရာအသင်တို့သည် (အမိန့်တော်ကိုနာခံသူ) မုစ်လင်မ်များ ဖြစ်ကြမည်လောဟု ပြောဆို(မေးမြန်း)ပါလေ။
فَإِنْ تَوَلَّوْا فَقُلْ آذَنْتُكُمْ عَلَىٰ سَوَاءٍ ۖ وَإِنْ أَدْرِي أَقَرِيبٌ أَمْ بَعِيدٌ مَا تُوعَدُونَ
သို့ပါလျက် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲ ငြင်းဆန်ခဲ့ကြပါလျှင် အသင်သည် (၎င်းတို့အား အချင်းတို့) ငါသည်အသင်တို့အား တိလင်းထင်ရှားစွာ အသိပေး(ကြေညာ) ခဲ့ပြီးဖြစ်သည်။ အသင်တို့ ချိန်းချက် ခြင်းခံကြရသောကိစ္စသည်နီးသည် ဝေးသည်ကိုမူ ငါမသိဟု ပြောကြားပါလေ။

Choose other languages: