Quran Apps in many lanuages:

Surah Al-Ala Ayahs #17 Translated in Burmese

ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ
ထို့နောက် ထိုသူသည် ယင်းမီးထဲ၌ သေဆုံးသွားမည်လည်းမဟုတ်ပေ၊ အသက်ရှင်၍နေမည်လည်း မဟုတ်ပေတကား။
قَدْ أَفْلَحَ مَنْ تَزَكَّىٰ
ဧကန်မလွဲ အကြင်သူသည် အောင်မြင်ခဲ့လေပြီ၊ ထိုသူသည် "အီမာန်" သက်ဝင်ယုံကြည်ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းခဲ့၏။
وَذَكَرَ اسْمَ رَبِّهِ فَصَلَّىٰ
၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို အောက်မေ့ တသပြီးနောက် "ဆွလာတ်" ဝတ်ပြုခဲ့၏။
بَلْ تُؤْثِرُونَ الْحَيَاةَ الدُّنْيَا
ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား အသင်တို့သည် လောကီဘဝကိုပင် ဦးစားပေးနေကြကုန်၏။
وَالْآخِرَةُ خَيْرٌ وَأَبْقَىٰ
အမှန်သော်ကား တမလွန်ဘဝသည် ပိုမို၍ ကောင်းမြတ်သည့်ပြင် ပိုမို၍ပင် တည်မြဲပေသည်။

Choose other languages: