Quran Apps in many lanuages:

Surah Al-Ala Ayahs #19 Translated in Burmese

وَذَكَرَ اسْمَ رَبِّهِ فَصَلَّىٰ
၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နာမံတော်ကို အောက်မေ့ တသပြီးနောက် "ဆွလာတ်" ဝတ်ပြုခဲ့၏။
بَلْ تُؤْثِرُونَ الْحَيَاةَ الدُّنْيَا
ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား အသင်တို့သည် လောကီဘဝကိုပင် ဦးစားပေးနေကြကုန်၏။
وَالْآخِرَةُ خَيْرٌ وَأَبْقَىٰ
အမှန်သော်ကား တမလွန်ဘဝသည် ပိုမို၍ ကောင်းမြတ်သည့်ပြင် ပိုမို၍ပင် တည်မြဲပေသည်။
إِنَّ هَٰذَا لَفِي الصُّحُفِ الْأُولَىٰ
ဧကန်စင်စစ် ဤသည် ရှေးဟောင်းကျမ်းများ၌လည်း လာရှိခဲ့ပေပြီ။
صُحُفِ إِبْرَاهِيمَ وَمُوسَىٰ
(နဗီတမန်တော်)အိဗ်ရာဟီမ်၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌လည်းကောင်း၊ (နဗီတမန်တော်)မူစာ၏(ထံသို့ကျရောက်ခဲ့သော)ကျမ်းများ၌ လည်းကောင်း။

Choose other languages: