Quran Apps in many lanuages:

Surah Al-Ahzab Ayahs #68 Translated in Burmese

إِنَّ اللَّهَ لَعَنَ الْكَافِرِينَ وَأَعَدَّ لَهُمْ سَعِيرًا
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြသော သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အဖို့အလျှံပြောင်ပြောင် တောက်လောင်လျက် ရှိသော မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်၍ ထားတော်မူ၏။
خَالِدِينَ فِيهَا أَبَدًا ۖ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا
၎င်းတို့သည် ယင်းမီး၌ အမြဲမပြတ် နေထိုင်လျှက်ရှိကြပေမည်။ ၎င်းတို့သည် မည်သည့်စောင့် ရှောက်သောသူကိုမျှလည်း တွေ့ရှိကြမည်မဟုတ်ချေ။ မည်သည့်ကာကွယ်မည့် သူကိုမျှလည်း တွေ့ရှိကြမည် မဟုတ်ပေ။
يَوْمَ تُقَلَّبُ وُجُوهُهُمْ فِي النَّارِ يَقُولُونَ يَا لَيْتَنَا أَطَعْنَا اللَّهَ وَأَطَعْنَا الرَّسُولَا
၎င်းတို့၏ မျက်နှာများသည် မီးထဲ၌ လှည့်ပြောင်းခြင်းခံကြရသောနေ့တွင် ၎င်းတို့ကဪ- ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ရစူလ်တမန်တော် မြတ်၏အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ကောင်းလေစွတကားဟု ပြောဆိုညည်းညူကြပေမည်။
وَقَالُوا رَبَّنَا إِنَّا أَطَعْنَا سَادَتَنَا وَكُبَرَاءَنَا فَأَضَلُّونَا السَّبِيلَا
ထိုမှတပါး ၎င်းတို့သည် လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့၏ခေါင်းဆောင်များနှင့် မိမိတို့၏ အကြီးအကဲများ၏စကားကိုနာခံမိခဲ့ကြပါသည်။ ၎င်းတို့သည် ကျွန်တော်မျိုးတို့အား လမ်းလွဲမှားစေ ခဲ့ကြပါသည်။
رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنْهُمْ لَعْنًا كَبِيرًا
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်နှစ်ဆပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားကရုဏာတော်မှ အလွန့်အလွန် ကင်းဝေးစေတော်မူပါ။

Choose other languages: