Quran Apps in many lanuages:

Surah Al-Ahzab Ayahs #71 Translated in Burmese

وَقَالُوا رَبَّنَا إِنَّا أَطَعْنَا سَادَتَنَا وَكُبَرَاءَنَا فَأَضَلُّونَا السَّبِيلَا
ထိုမှတပါး ၎င်းတို့သည် လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့၏ခေါင်းဆောင်များနှင့် မိမိတို့၏ အကြီးအကဲများ၏စကားကိုနာခံမိခဲ့ကြပါသည်။ ၎င်းတို့သည် ကျွန်တော်မျိုးတို့အား လမ်းလွဲမှားစေ ခဲ့ကြပါသည်။
رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنْهُمْ لَعْنًا كَبِيرًا
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်နှစ်ဆပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားကရုဏာတော်မှ အလွန့်အလွန် ကင်းဝေးစေတော်မူပါ။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ آذَوْا مُوسَىٰ فَبَرَّأَهُ اللَّهُ مِمَّا قَالُوا ۚ وَكَانَ عِنْدَ اللَّهِ وَجِيهًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မူစာအား စိတ်ဒုက္ခပေးခဲ့ကြကုန်၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုမူစာအား ၎င်းင်တို့၏ ပြောဆိုစွပ်စွဲချက်များမှ အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့၏။စင်စစ် ထိုမူစာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ဂုဏ်ကျက်သရေနှင့် အလွန်ပြည့်စုံသူပင် ဖြစ်ခဲ့ပေသတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက် ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။
يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာ အောင်မြင်ပြီး ဖြစ်မည်တကား။

Choose other languages: