Quran Apps in many lanuages:

Surah Al-Ahzab Ayahs #73 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက် ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။
يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြုမူကျင့်ဆောင်ချက်များကို ပြုပြင်၍ ပေးသနားတော် မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင် မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏အမိန့်တော်ကိုလည်းကောင်း၊ လိုက်နာပါမူ မလွဲဧကန် ထိုသူသည် ကြီးကျယ်စွာ အောင်မြင်ပြီး ဖြစ်မည်တကား။
إِنَّا عَرَضْنَا الْأَمَانَةَ عَلَى السَّمَاوَاتِ وَالْأَرْضِ وَالْجِبَالِ فَأَبَيْنَ أَنْ يَحْمِلْنَهَا وَأَشْفَقْنَ مِنْهَا وَحَمَلَهَا الْإِنْسَانُ ۖ إِنَّهُ كَانَ ظَلُومًا جَهُولًا
ဧကန်စင်စစ် ငါအရှင်မြတ်သည် အပ်နှံသော(ဤတာဝန်ကို မိုးကောင်းကင်များ ရှေ့ဝယ်လည်းကောင်း၊ပထဝီမြေ၏ရှေ့ဝယ်လည်းကောင်း၊ တောင်များ၏ရှေ့ဝယ်လည်းကောင်း၊ ဖော်ပြတော်မူခဲ့ရာ ၎င်းတို့သည် ယင်းတာဝန်ကိုငြင်းဆန်ခဲ့ကြကုန်၏။ ထို့ပြင် ယင်းတာဝန်ကို ထမ်းဆောင်ရန်ကြောက်ရွံ့စိုးရိမ်ခဲ့ ကြကုန်၏။ သို့ရာတွင် လူသားမှာမူကားယင်း တာဝန်ကို ထမ်းဆောင်ခဲ့၏။ ဧကန်အမှန် ထိုလူသားသည် လွန်စွာ ရက်စက်သူ၊ လွန်စွာ အသိတရားကင်းမဲ့သူပင်ဖြစ်ပေသည်။)
لِيُعَذِّبَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ وَيَتُوبَ اللَّهُ عَلَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا
နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ် ယောက်ျား မိန်းမတို့အားလည်းေကောင်း၊ မုရှ်ရစ်က်’ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူ ယောက်ျား၊ မိန်းမတို့အား လည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူပေမည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်တရာ သနားညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: