Quran Apps in many lanuages:

Surah Al-Ahzab Ayahs #45 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا اللَّهَ ذِكْرًا كَثِيرًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အလွန် များပြားစွာ အောက်မေ့တသ သတိရကြလေကုန်။
وَسَبِّحُوهُ بُكْرَةً وَأَصِيلًا
ထို့ပြင် အသင်တို့သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊(အမြဲတစေ)ထိုအရှင်မြတ်စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြလေကုန်။
هُوَ الَّذِي يُصَلِّي عَلَيْكُمْ وَمَلَائِكَتُهُ لِيُخْرِجَكُمْ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَكَانَ بِالْمُؤْمِنِينَ رَحِيمًا
ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်။ထိုအရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ကောင်းချီးမင်္ဂလာ ပို့လျက်ရှိကြကုန်၏။ (သို့ပို့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုများမှအလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပေါ်၌ အလွန်တရာသနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
تَحِيَّتُهُمْ يَوْمَ يَلْقَوْنَهُ سَلَامٌ ۚ وَأَعَدَّ لَهُمْ أَجْرًا كَرِيمًا
၎င်းတို့သည် ထိုအရှင်မြတ်နှင့် တွေ့ဆုံကြသောနေ့တွင် (ထိုအရှင်မြတ်၏)၎င်းတို့အား နှုတ်ခွန်းဆက်တော် မူမည့် စကားမှာ စလာမ် ဟူ၍ပင် ဖြစ်ပေမည်။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် ၎င်းတို့ အဖို့ မြင့်မြတ်လှစွာသော အကျိုးကိုအဆင်သင့် ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
يَا أَيُّهَا النَّبِيُّ إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا
အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေး နှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။

Choose other languages: