Quran Apps in many lanuages:

Surah Al-Ahzab Ayahs #47 Translated in Burmese

هُوَ الَّذِي يُصَلِّي عَلَيْكُمْ وَمَلَائِكَتُهُ لِيُخْرِجَكُمْ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَكَانَ بِالْمُؤْمِنِينَ رَحِيمًا
ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်။ထိုအရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ကောင်းချီးမင်္ဂလာ ပို့လျက်ရှိကြကုန်၏။ (သို့ပို့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုများမှအလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အပေါ်၌ အလွန်တရာသနားကြင်နာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
تَحِيَّتُهُمْ يَوْمَ يَلْقَوْنَهُ سَلَامٌ ۚ وَأَعَدَّ لَهُمْ أَجْرًا كَرِيمًا
၎င်းတို့သည် ထိုအရှင်မြတ်နှင့် တွေ့ဆုံကြသောနေ့တွင် (ထိုအရှင်မြတ်၏)၎င်းတို့အား နှုတ်ခွန်းဆက်တော် မူမည့် စကားမှာ စလာမ် ဟူ၍ပင် ဖြစ်ပေမည်။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် ၎င်းတို့ အဖို့ မြင့်မြတ်လှစွာသော အကျိုးကိုအဆင်သင့် ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
يَا أَيُّهَا النَّبِيُّ إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا
အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေး နှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။
وَدَاعِيًا إِلَى اللَّهِ بِإِذْنِهِ وَسِرَاجًا مُنِيرًا
ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ဖိတ်ခေါ်သူအဖြစ်လည်းကောင်း၊ လင်းဝင်းတောက်ပသော မီးရှုးမီးတိုင် (သူရိယ)အဖြစ်လည်းကောင်း၊(စေလွှတ်တော်မူ၏)။
وَبَشِّرِ الْمُؤْمِنِينَ بِأَنَّ لَهُمْ مِنَ اللَّهِ فَضْلًا كَبِيرًا
းး 47| ထိုမှတစ်ပါး အသင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် ထံတော်မှ ကြီးကျယ်လှစွာသောကျေးဇူးတော်ရှိကြောင်း သတင်းကောင်းပြောကြားပါလေ။

Choose other languages: