Quran Apps in many lanuages:

Surah Al-Ahzab Ayahs #48 Translated in Burmese

تَحِيَّتُهُمْ يَوْمَ يَلْقَوْنَهُ سَلَامٌ ۚ وَأَعَدَّ لَهُمْ أَجْرًا كَرِيمًا
၎င်းတို့သည် ထိုအရှင်မြတ်နှင့် တွေ့ဆုံကြသောနေ့တွင် (ထိုအရှင်မြတ်၏)၎င်းတို့အား နှုတ်ခွန်းဆက်တော် မူမည့် စကားမှာ စလာမ် ဟူ၍ပင် ဖြစ်ပေမည်။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် ၎င်းတို့ အဖို့ မြင့်မြတ်လှစွာသော အကျိုးကိုအဆင်သင့် ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
يَا أَيُّهَا النَّبِيُّ إِنَّا أَرْسَلْنَاكَ شَاهِدًا وَمُبَشِّرًا وَنَذِيرًا
အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား သက်သေအဖြစ်လည်းကောင်း၊ သတင်းကောင်းပြောကြားသူအဖြစ်လည်းကောင်း၊ သတိပေး နှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။
وَدَاعِيًا إِلَى اللَّهِ بِإِذْنِهِ وَسِرَاجًا مُنِيرًا
ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ဖိတ်ခေါ်သူအဖြစ်လည်းကောင်း၊ လင်းဝင်းတောက်ပသော မီးရှုးမီးတိုင် (သူရိယ)အဖြစ်လည်းကောင်း၊(စေလွှတ်တော်မူ၏)။
وَبَشِّرِ الْمُؤْمِنِينَ بِأَنَّ لَهُمْ مِنَ اللَّهِ فَضْلًا كَبِيرًا
းး 47| ထိုမှတစ်ပါး အသင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် ထံတော်မှ ကြီးကျယ်လှစွာသောကျေးဇူးတော်ရှိကြောင်း သတင်းကောင်းပြောကြားပါလေ။
وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ وَدَعْ أَذَاهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည် ၎င်းတို့၏ထိပါးပြောဆိုမှုကို လျစ်လျူရှု၍ အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံ လွှဲအပ်ထားပါလေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။

Choose other languages: