Quran Apps in many lanuages:

Surah Al-Ahzab Ayahs #4 Translated in Burmese

يَا أَيُّهَا النَّبِيُّ اتَّقِ اللَّهَ وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ ۗ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
အို-နဗီတမန်တော်၊ အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့၍ပင်နေပါလေ၊ ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာပါလေနှင့်။ ဧကန်မလွဲအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြင်းမဲ့သိတော်မူသော၊ ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ مِنْ رَبِّكَ ۚ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
သို့ရာတွင် အသင်သည် မိမိထံသို့ မိမိအရှင်မြတ်အထံတော်မှ ထုတ်ပြန်ခြင်းခံရသောအမိန့် တော်များကိုသာလျှင် လိုက်နာဆောင်ရွက်ပါလေ။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကျင့်မူလျက် ရှိကြသည်များကို ကောင်းစွာကြားသိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။
مَا جَعَلَ اللَّهُ لِرَجُلٍ مِنْ قَلْبَيْنِ فِي جَوْفِهِ ۚ وَمَا جَعَلَ أَزْوَاجَكُمُ اللَّائِي تُظَاهِرُونَ مِنْهُنَّ أُمَّهَاتِكُمْ ۚ وَمَا جَعَلَ أَدْعِيَاءَكُمْ أَبْنَاءَكُمْ ۚ ذَٰلِكُمْ قَوْلُكُمْ بِأَفْوَاهِكُمْ ۖ وَاللَّهُ يَقُولُ الْحَقَّ وَهُوَ يَهْدِي السَّبِيلَ
အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူတစ်ဦးတစ်ယောက်အဖို့မျှ ၎င်း၏ခန္ဓာကိုယ်၌ စိတ်နှလုံးနှစ်ခု ပြုလုပ်တော်မူခဲ့သည်မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများကို အသင်တို့၏မိခင်(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်တို့ ထိုဇနီးမိန်းမတို့အား အသင်မသည် ကျွန်ုပ်အပေါ်၌ မိခင်ကဲ့သို့’ဟရာမ်’ ဖြစ်သည် ဟု ပြောဆို၍(ဇိဟာရ် ပြုလုပ်)ကြကုန်၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏မွေးစားသားများကိုလည်း အသင်တို့၏ သား(အရင်းအခြာ)များ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထိုသည်တို့ကား အသင်တို့ မိမိတို့နှုတ်များဖြင့် ပြောဆိုကြသော အသင်တို့၏ ပြောဆိုချက်မျှပင်ဖြစ်ပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား အမှန်ကို မိန့်ကြားတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ် သည်သာလျှင် (ဖြောင့်မတ်သော)လမ်းကို ညွှန်ပြတော်မူ၏။

Choose other languages: