Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #8 Translated in Burmese

قُلْ أَرَأَيْتُمْ مَا تَدْعُونَ مِنْ دُونِ اللَّهِ أَرُونِي مَاذَا خَلَقُوا مِنَ الْأَرْضِ أَمْ لَهُمْ شِرْكٌ فِي السَّمَاوَاتِ ۖ ائْتُونِي بِكِتَابٍ مِنْ قَبْلِ هَٰذَا أَوْ أَثَارَةٍ مِنْ عِلْمٍ إِنْ كُنْتُمْ صَادِقِينَ
(အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ပြောပြကြလေကုန်။ အလ္လာဟ်အရှင်မြတ် မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြသောအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ် ၎င်းတို့အဖို့ မိုးကောင်းကင်များ၌ ဖက်စပ်ပါဝင်ခြင်းရှိသည်ကို ငါ့အား အသင်တို့ပြကြလေကုန်။အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းဂန်၏အလျင် ကျရောက်ခဲ့သောကျမ်းဂန် တစ်စုံတစ်ရာကို သော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ လာရှိသော) အသိပညာမှ အရပ်အမြွက်ပြသော အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံ ယူခဲ့ကြလေကုန်။
وَمَنْ أَضَلُّ مِمَّنْ يَدْعُو مِنْ دُونِ اللَّهِ مَنْ لَا يَسْتَجِيبُ لَهُ إِلَىٰ يَوْمِ الْقِيَامَةِ وَهُمْ عَنْ دُعَائِهِمْ غَافِلُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် အပြင်အခြားသူများကို ဟစ်ခေါ်သောသူထက် ပို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။ ၎င်းတို့သည် ထိုသူ၏ စကားကို ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖြေကြားကြမည် မဟုတ်သည်သာမက ၎င်းတို့မှာ ဤသူတို့၏ ဟစ်ခေါ်ခြင်းကိုပင် သိကြရှာသူများမဟုတ်ပြီ။
وَإِذَا حُشِرَ النَّاسُ كَانُوا لَهُمْ أَعْدَاءً وَكَانُوا بِعِبَادَتِهِمْ كَافِرِينَ
ထိုမှတစ်ပါး လူတို့သည် စုရုံးခြင်းခံကြရသောအခါ ၎င်းတို့မှာ ထိုသူတို့၏ ရန်သူများပင် ဖြစ်သွားကြပေမည်။ထိုမှတပါး ၎င်းတို့သည် ထိုသူတို့၏ ဆည်းကပ် ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။
وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ هَٰذَا سِحْرٌ مُبِينٌ
ထို့ပြင် ၎င်းတို့၏ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်းခံရလေသောအခါ သွေဖည်ငြင်းပယ်သောသူတို့က အမှန်တရားတည်းဟူသော (ကုရ်အာန်ကျမ်းတော်)နှင့်စပ်လျဉ်း၍ ယင်းအမှန်တရားသည် ၎င်းတို့ထံ ရောက်လာသောအခါ ဤသည် ထင်ရှားစွာသော ပဉ္စလက်အတတ်ပညာ ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်၏။
أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَلَا تَمْلِكُونَ لِي مِنَ اللَّهِ شَيْئًا ۖ هُوَ أَعْلَمُ بِمَا تُفِيضُونَ فِيهِ ۖ كَفَىٰ بِهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۖ وَهُوَ الْغَفُورُ الرَّحِيمُ
၎င်းတို့က ဤသူ(မုဟမ္မဒ်)သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား လုံးဝကယ်နိုင်ကြသည် မရှိချေ။ ယင်းကုရ်အာန်ကျမ်းတော်မြတ် နှင့်စပ်လျဉ်း၍ အသင်တို့ပြောဆိုလျက် ရှိကြသည်တို့ကို ထိုအရှင်မြတ်သည် အသိဆုံးပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်သည်ပင် အသင်တို့နှင့် ငါ၏အကြားဝယ် လုံလောက်သောသက်သေဖြစ်တော်မူ၏။ သက်သေအဖြစ် လုံလောက်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အလွန်�ရာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူ၏။

Choose other languages: