Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #54 Translated in Burmese

إِنَّ هَٰذَا مَا كُنْتُمْ بِهِ تَمْتَرُونَ
ဧကန်မလွဲ ဤသည်ကား အသင်တို့ ယုံမှားသံသယဖြစ်လျက် ရှိခဲ့ကြသောအရာပင် ဖြစ်ချေသတည်း။
إِنَّ الْمُتَّقِينَ فِي مَقَامٍ أَمِينٍ
ဧကန်အမှန် "မွတ္တကီ" သူတော်စင်တို့မှာ ငြိမ်းချမ်းသာယာသော နေရာဌာနတွင် ရှိကြပေမည်။
فِي جَنَّاتٍ وَعُيُونٍ
ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း။
يَلْبَسُونَ مِنْ سُنْدُسٍ وَإِسْتَبْرَقٍ مُتَقَابِلِينَ
၎င်းတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ပိုးထည်အထူစားကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။
كَذَٰلِكَ وَزَوَّجْنَاهُمْ بِحُورٍ عِينٍ
(ဤဖြစ်ရပ်မှာ) ဤအတိုင်းဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ဖြူ၍လှပတင့်တယ်သော၊ မျက်စိပြူး၍လှပသော၊ မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူပေမည်။

Choose other languages: