Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #56 Translated in Burmese

فِي جَنَّاتٍ وَعُيُونٍ
ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း။
يَلْبَسُونَ مِنْ سُنْدُسٍ وَإِسْتَبْرَقٍ مُتَقَابِلِينَ
၎င်းတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ပိုးထည်အထူစားကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။
كَذَٰلِكَ وَزَوَّجْنَاهُمْ بِحُورٍ عِينٍ
(ဤဖြစ်ရပ်မှာ) ဤအတိုင်းဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား ဖြူ၍လှပတင့်တယ်သော၊ မျက်စိပြူး၍လှပသော၊ မိန်းမများနှင့် ထိမ်းမြား၍ ပေးတော်မူပေမည်။
يَدْعُونَ فِيهَا بِكُلِّ فَاكِهَةٍ آمِنِينَ
၎င်းတို့သည် ယင်းဥယျာဉ်များ၌ အလုံးစုံသော သစ်သီးဝလံတို့ကို အေးချမ်းစွာ မှာယူကြပေမည်။
لَا يَذُوقُونَ فِيهَا الْمَوْتَ إِلَّا الْمَوْتَةَ الْأُولَىٰ ۖ وَوَقَاهُمْ عَذَابَ الْجَحِيمِ
၎င်းတို့သည် ပထမအကြိမ် သေဆုံးခဲ့ကြသည် မှတစ်ပါး ယင်းဥယျာဉ်များတွင် "မရဏ" သေခြင်းတရား၏ရသာကို မြည်းစမ်းကြရမည် မဟုတ်ပြီ၊ ထိုမှတစ်ပါး ၎င်းတို့အား ထိုအရှင်မြတ်သည် "ဂျဟန္နမ်" ငရဲဘုံ၏ ပြစ်ဒဏ်မှ(လည်း)လွတ်ကင်းစေတော် မူပေမည်။

Choose other languages: