Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #53 Translated in Burmese

ذُقْ إِنَّكَ أَنْتَ الْعَزِيزُ الْكَرِيمُ
(ထိုအခါ ၎င်းမှာ ဤသို့ပြောဆိုခြင်းကို ခံရပေမည်။) အသင်သည်(ဤပြစ်ဒဏ်၏ အရသာကို) မြည်းစမ်းလေ၊ မလွဲဧကန် အသင်သည် အလွန်မြင့်မြတ်သူ၊ ဂုဏ်မြင့်သူဖြစ်ပေသည်။
إِنَّ هَٰذَا مَا كُنْتُمْ بِهِ تَمْتَرُونَ
ဧကန်မလွဲ ဤသည်ကား အသင်တို့ ယုံမှားသံသယဖြစ်လျက် ရှိခဲ့ကြသောအရာပင် ဖြစ်ချေသတည်း။
إِنَّ الْمُتَّقِينَ فِي مَقَامٍ أَمِينٍ
ဧကန်အမှန် "မွတ္တကီ" သူတော်စင်တို့မှာ ငြိမ်းချမ်းသာယာသော နေရာဌာနတွင် ရှိကြပေမည်။
فِي جَنَّاتٍ وَعُيُونٍ
ဥယျာဉ်များ၌လည်းကောင်း၊ စမ်းချောင်းများ၌လည်းကောင်း။
يَلْبَسُونَ مِنْ سُنْدُسٍ وَإِسْتَبْرَقٍ مُتَقَابِلِينَ
၎င်းတို့သည် ပိုးထည်အပါးစားကိုလည်းကောင်း၊ ပိုးထည်အထူစားကိုလည်းကောင်း၊ ဝတ်ဆင်၍ မျက်နှာချင်းဆိုင်ထိုင်လျက် ရှိကြပေမည်။

Choose other languages: