Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #42 Translated in Burmese

وَمَا خَلَقْنَا السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا لَاعِبِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ကစားခုန်စားသောအားဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်ပေ။
مَا خَلَقْنَاهُمَا إِلَّا بِالْحَقِّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
(အမှန်စင်စစ်)ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခုစလုံးကို နက်နဲသိမ်မွေ့ တိကျမှန်ကန်သော အကြောင်းနှင့်တကွ ဖန်ဆင်းတော်မူခဲ့၏။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
إِنَّ يَوْمَ الْفَصْلِ مِيقَاتُهُمْ أَجْمَعِينَ
ဧကန်အမှန် စီရင်ဆုံးဖြတ်မည့် နေ့သည် ၎င်းတို့အားလုံးအဖို့ သတ်မှတ်ပြီးဖြစ်သော အချိန်ကာလပင် ဖြစ်၏။
يَوْمَ لَا يُغْنِي مَوْلًى عَنْ مَوْلًى شَيْئًا وَلَا هُمْ يُنْصَرُونَ
ထိုနေ့တွင် မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်မျှပင်၊ မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်အဖို့မျှ လုံးဝ အသုံးဝင်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
إِلَّا مَنْ رَحِمَ اللَّهُ ۚ إِنَّهُ هُوَ الْعَزِيزُ الرَّحِيمُ
သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြုတော်မူသောသူမှာမူကား (ကြားဝင်အသနားခံပေးခြင်းကို ခံရပေမည်)။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: