Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #44 Translated in Burmese

إِنَّ يَوْمَ الْفَصْلِ مِيقَاتُهُمْ أَجْمَعِينَ
ဧကန်အမှန် စီရင်ဆုံးဖြတ်မည့် နေ့သည် ၎င်းတို့အားလုံးအဖို့ သတ်မှတ်ပြီးဖြစ်သော အချိန်ကာလပင် ဖြစ်၏။
يَوْمَ لَا يُغْنِي مَوْلًى عَنْ مَوْلًى شَيْئًا وَلَا هُمْ يُنْصَرُونَ
ထိုနေ့တွင် မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်မျှပင်၊ မည်သည့်ပတ်သက်သော သူတစ်ဦးတစ်ယောက်အဖို့မျှ လုံးဝ အသုံးဝင်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကူညီစောင်မခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
إِلَّا مَنْ رَحِمَ اللَّهُ ۚ إِنَّهُ هُوَ الْعَزِيزُ الرَّحِيمُ
သို့ရာတွင် အလ္လာဟ်အရှင်မြတ် ကရုဏာပြုတော်မူသောသူမှာမူကား (ကြားဝင်အသနားခံပေးခြင်းကို ခံရပေမည်)။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
إِنَّ شَجَرَتَ الزَّقُّومِ
ဧကန်မလွဲ "ဇက္ကူမ်" ရှားစောင်းကြီးပင်မှာ။
طَعَامُ الْأَثِيمِ
လွန်စွာ ပြစ်မှုကျူးလွန်သူ၏ အစားအစာဖြစ်၏။

Choose other languages: