Quran Apps in many lanuages:

Surah Ad-Dukhan Ayahs #27 Translated in Burmese

فَأَسْرِ بِعِبَادِي لَيْلًا إِنَّكُمْ مُتَّبَعُونَ
(ထိုအခါ အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။ အို-မူစာ) အသင်သည် ငါအရှင်မြတ်၏ ကျွန်တို့အား ညဉ့်အချိန်အခါဝယ် ခေါ်ဆောင်သွားပါလေ။ မလွဲဧကန် အသင်တို့သည် မိမိတို့နောက်မှ (ဖစ်ရ်အောင်န်နှင့် ၎င်း၏စစ်တပ်၏)လိုက်လံခြင်း ခံကြရပေမည်။
وَاتْرُكِ الْبَحْرَ رَهْوًا ۖ إِنَّهُمْ جُنْدٌ مُغْرَقُونَ
၎င်းပြင် အသင်သည် ပင်လယ်ကို ရှိရင်းအတိုင်း ငြိမ်သက်စွာ ထားရစ်ခဲ့ပါလေ။ မုချဧကန် ၎င်းတို့သည် နှစ်မြှုပ်ခြင်းခံကြရအံ့သော စစ်တပ်ပင် ဖြစ်ကြကုန်၏။
كَمْ تَرَكُوا مِنْ جَنَّاتٍ وَعُيُونٍ
ထို(ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသား)တို့သည် မြောက်မြားစွာသော ဥယျာဉ်များကိုလည်းကောင်း၊ စမ်းချောင်းများကိုလည်းကောင်း။
وَزُرُوعٍ وَمَقَامٍ كَرِيمٍ
လယ်ယာများကိုလည်းကောင်း၊ ကောင်းမွန်သော နေအိမ်များကိုလည်းကောင်း။
وَنَعْمَةٍ كَانُوا فِيهَا فَاكِهِينَ
မိမိတို့ မွေ့လျော်စံပျော်လျက် ရှိခဲ့ကြသော စည်းစိမ်ချမ်းသာတို့ကိုလည်းကောင်း၊ စွန့်ထားခဲ့ကြကုန်၏။

Choose other languages: