Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #71 Translated in Burmese

مَا كَانَ إِبْرَاهِيمُ يَهُودِيًّا وَلَا نَصْرَانِيًّا وَلَٰكِنْ كَانَ حَنِيفًا مُسْلِمًا وَمَا كَانَ مِنَ الْمُشْرِكِينَ
တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင် ဖြစ်ခဲ့ပေသည်။ ထိုတမန်တော် (အစ်ဗ်ရာဟီမ်)သည် မုရှ်ရိက်ဘုရားအများ ကိုးကွယ်သော သူများတွင် အပါအဝင်လည်းမဟုတ်ခဲ့ပေ။
إِنَّ أَوْلَى النَّاسِ بِإِبْرَاهِيمَ لَلَّذِينَ اتَّبَعُوهُ وَهَٰذَا النَّبِيُّ وَالَّذِينَ آمَنُوا ۗ وَاللَّهُ وَلِيُّ الْمُؤْمِنِينَ
မုချ တမန်တော် အစ်ဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသော သူတို့သည်ကား အမှန်စင်စစ် ထိုတမန်တော် (အစ်ဗ်ရာဟီမ်၏ ဩဝါဒများ)ကို လိုက်နာသူများသည် လည်းကောင်း၊ဤနဗီတမန်တော် (မုဟမ္မဒ်ဆွာလ္လလာဟု အလိုင်ဟိဝစလာမ်)သည်လည်းကောင်း၊ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကုန်သော(တမန်တော်မုဟမ္မဒ်၏ တပည့် နောက်လိုက်များ)သည်လည်းကောင်း၊ �ြစ်ကြပေသည်။ အလ္လာဟ်အရှင်မြတ်သည်(မှန်ကန်စွာ)ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသော မုအ်မင်န်များကို စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
وَدَّتْ طَائِفَةٌ مِنْ أَهْلِ الْكِتَابِ لَوْ يُضِلُّونَكُمْ وَمَا يُضِلُّونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ
ရှေးအထက် ကျမ်းရရှိသူတို့အနက်မှ လူတစ်စုသည် အသင်တို့အား လမ်းမှားစေခြင်းကို အာသာဆန္ဒရှိကြကုန်၏။ အမှန်စင်စစ် ယင်းသူတို့သည် မိမိတို့ကိုယ်မှအပမည်သူတစ်ဦးတစ်ယောက်ကိုမျှ လမ်းမှားသို့ ရောက်စေနိုင်ကြသည်မဟုတ်။ သို့ရာတွင် ယင်းသူတို့သည် (ဤအကြောင်းကို) မသိနားမလည် ကြချေ။
يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَأَنْتُمْ تَشْهَدُونَ
အို-အထက်ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် (မိမိတို့ ယုံကြည်လေးစားကြသော တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းလာ) အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ်တော်များကို အဘယ်ကြောင့် မယုံမကြည် သွေဖည်ငြင်းဆန်ကြ ပါသနည်း။ အမှန်စင်စစ် အသင်တို့သည် မိမိတို့ကိုယ်တိုင် ဝန်ခံပြီး ဖြစ်ကြကုန်၏။
يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنْتُمْ تَعْلَمُونَ
အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။

Choose other languages: