Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #74 Translated in Burmese

يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَأَنْتُمْ تَشْهَدُونَ
အို-အထက်ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် (မိမိတို့ ယုံကြည်လေးစားကြသော တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းလာ) အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ်တော်များကို အဘယ်ကြောင့် မယုံမကြည် သွေဖည်ငြင်းဆန်ကြ ပါသနည်း။ အမှန်စင်စစ် အသင်တို့သည် မိမိတို့ကိုယ်တိုင် ဝန်ခံပြီး ဖြစ်ကြကုန်၏။
يَا أَهْلَ الْكِتَابِ لِمَ تَلْبِسُونَ الْحَقَّ بِالْبَاطِلِ وَتَكْتُمُونَ الْحَقَّ وَأَنْتُمْ تَعْلَمُونَ
အို-အထက်ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အဘယ်ကြောင့် အသင်တို့သည် အမှန်ကိုအမှားနှင့် ရောနှောရှုပ်ထွေးစေကြပါသနည်း၊ ၎င်းပြင် (အဘယ်ကြောင့်) အမှန်ကိုထိမ်ချန်ထား ကြပါသနည်း၊။ အမှန်သော်ကား အသင်တို့သည်မိမိတို့ကိုယ်တိုင် သိမြင်နားလည်ကြကုန်၏။
وَقَالَتْ طَائِفَةٌ مِنْ أَهْلِ الْكِتَابِ آمِنُوا بِالَّذِي أُنْزِلَ عَلَى الَّذِينَ آمَنُوا وَجْهَ النَّهَارِ وَاكْفُرُوا آخِرَهُ لَعَلَّهُمْ يَرْجِعُونَ
ရှေးအထက် ကျမ်းဂန်ရရှိသောသူများအနက်မှလူတစ်စုက အသင်တို့သည် မုအ်မင်န်တို့အပေါ်၌ ကျရောက်သော(တရားဓမ္မ)ကို နံနက်ပိုင်းတွင် ယုံကြည်၍ ညနေချမ်းတွင်မူ သွေဖည်ငြင်းပယ်ကြကုန်။ သို့မှသာလျှင် ထို(မုအ်မင်န်)များသည် (မိမိတို့၏ တရားဓမ္မမှ) ဆုတ်ခွာ ပြန်လှည့်သွားကြပေမည်ဟု (အချင်းချင်း) ပြောဆိုကြလေသည်။
وَلَا تُؤْمِنُوا إِلَّا لِمَنْ تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَنْ يُؤْتَىٰ أَحَدٌ مِثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِنْدَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ထို့ပြင် အသင်တို့သည် မိမိတို့၏သာသနာကိုယုံကြည်လိုက်နာသူမှအပ (အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ) မယုံကြည်ကြကုန်လင့် (ဟုလည်း ထိုသူများသည်ပြောဆိုကြလေသည်)။ (အို-နဗီတမန်တော်) မုချဧကန်အလ္လာဟ် အရှင်မြတ်၏ တရားဓမ္မသည်သာလျှင် ဖြောင့်မတ်မှန်ကန်သော တရားဓမ္မဖြစ်သည်ကို (ယင်းကျမ်းရသူ တို့အား)ပြောကြားပါလေ။ (အို-ကျမ်းရသူ အပေါင်းတို့၊ အသင်တို့ယခုကဲ့သို့ ပြောဆိုခြင်းမှာ) အသင်တို့ရရှိသကဲ့သို့ သောတရားဓမ္မကို အခြားသူ တစ်ဦးတစ်ယောက် ရရှိခြင်းကြောင့်သော်လည်းကောင်း၊ သို့တည်းမဟုတ် ထိုအခြားသူတို့သည်အသင်တို့၏ အရှင်မြတ် အထံတော်၌ အသင်တို့အား အချေအတင် ပြောဆိုရာတွင် အနိုင်ရရှိကြမည် ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဖြစ်ချေသည်။ (အို-နဗီတမန်တော်ယင်းသူတို့အား) ပြောကြားပါလေ။ (ဟယ်-အချင်းတို့) ကျေးဇူးတော် အစုံတို့သည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိ နှစ်မြို့တော်မူသောသူကိုသာလျှင် ကျေးဇူးပြု တော်မူ၏။ အကြောင်းသော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသော အရှင်၊ အကြွင်းမဲ့ အလုံးစုံကို သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း၊
يَخْتَصُّ بِرَحْمَتِهِ مَنْ يَشَاءُ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင် ဖြစ်တော်မူခြင်းကြောင့်တည်း။

Choose other languages: