Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #49 Translated in Burmese

إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
(ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။
وَيُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا وَمِنَ الصَّالِحِينَ
၎င်းပြင် ယင်းအီစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာများရရှိခြင်းကြောင့်) ပုခက်တွင်း၌လည်းကောင်း၊ အရွယ်ရောက်သော အခါ၌လည်းကောင်း၊ လူခပင်းတို့နှင့်စကားစမြည်ပြောဆိုအံ့။ ၎င်းပြင်ယင်းအီစာသည် သူတော်စင်သူတော် ကောင်းတို့ဘောင်တွင်အပါအဝင်လည်း ဖြစ်အံ့။
قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ
ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။
وَيُعَلِّمُهُ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنْجِيلَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်း (သားတော်)အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ တော်ရာတ် ကျမ်းမြတ်ကို လည်းကောင်း၊ အီန်ဂျီလ် ကျမ်းမြတ်ကိုလည်းကောင်း သင်ကြားပြသတော် မူလ�္တံ့။
وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ ۖ أَنِّي أَخْلُقُ لَكُمْ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنْفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُمْ بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ထို့ပြင်တဝ (ယင်းသားတော်) အားအစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ထံသို့ ရစူလ် တမန်တော်အဖြစ်စေလွှတ်တော်မူအံ့။ (ထိုအခါယင်းသားတော်က ဣစ်ရာအီလီမျိုးနွယ်တို့အားဤုသို့ပြောကြားအံ့)။ (အို-အချင်းတို့)အကျွန်ုပ်သည် ဧကန်မုချ အသင်တို့ထံသို့ အသင်တို့၏အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများကို အမှန်ပင်ဆောင်ယူခဲ့ပါသည်။ အကျွန်ုပ်သည် မုချဧကန် အသင်တို့ (ယုံကြည်အံ့သောငှာ) ရွှံ့မြေဖြင့် ငှက်တိရစ္ဆာန်၏ ပုံသဏ္ဌာန်ကဲ့သို့ ငှက်ရုပ်ပြုလုပ်ပြီးနောက် ထို ပုံသဏ္ဌာန်အတွင်းသို့ မန်းမှုတ်မည်၊ ထိုအခါ ထို ငှက်ရုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် (အသက်ရှင်၍ပျံသန်းနိုင်သောပကတိ)ငှက်တိရိစ္ဆာန် ဖြစ်လာအံ့။၎င်းပြင် အကျွန်ုပ်သည် အမိဝမ်းတွင်းမှ စက္ခုအလင်းမရရှိခဲ့သူကိုလည်းကောင်း၊ (ခရုသင်းစသော)ကုဋ္ဌနူနာစွဲကပ်သူကို လည်းကောင်း၊ ရောဂါဘယပျောက်ကင်း (၍ပြကတေ့ လူကောင်းများဖြစ်လာ)နိုင်စေအံ့။ ထိုနည်း တူစွာအကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် သူသေများကိုလည်း ရှင်စေနိုင်အံ့။ ထိုမှတပါးတုံ အကျွန်ုပ်သည်အသင်တို့ မိမိတို့အိမ်များတွင် စားသုံးခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့ (မိမိတို့အိမ်များ၌) သိမ်း ဆည်းသိုမှီးထားခဲ့သော အရာများကိုလည်းကောင်း၊ အသင်တို့အားထုတ်ဖော်ပြောကြားနိုင်အံ့။ အကယ်၍သာ အသင်တို့သည်ယုံကြည်သူ များဖြစ်ကြပါမူ မလွဲဧကန် ဤအချက်၌ အသင်တို့အဘို့အရာလုံလောက်စွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာ မုချရှိပေသည်။

Choose other languages: