Quran Apps in many lanuages:

Surah Aal-E-Imran Ayah #41 Translated in Burmese

قَالَ رَبِّ اجْعَلْ لِي آيَةً ۖ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَةَ أَيَّامٍ إِلَّا رَمْزًا ۗ وَاذْكُرْ رَبَّكَ كَثِيرًا وَسَبِّحْ بِالْعَشِيِّ وَالْإِبْكَارِ
ထို (နဗီတမန်တော် ဇကရိယာသည် အလ္လာဟ်အရှင်မြတ်၏ ပြန်ကြားချက်ကို ကြားရလျှင် ထပ်မံ၍ ဤသို့)လျှောက်ထား ပန်ကြား ပြန်လေသည်။ အို-ကျွန်တော်မျိုးကိုမွေးမြူတော်မူသောအသျှင်၊ (သို့ဖြစ်လျှင်) အရှင်မြတ်သည်ကျွန်တော်မျိုး အဖို့ရာ(ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကိုယ်ဝန်ဆောင်ရှိကြောင်း ကောင်းစွာ သိနိုင်အံ့သောငှာ)နိမိတ်လက္ခဏာ တရပ်ရပ်ကို ပြဋ္ဌာန်း၍ ပေးတော်မူပါ။(ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်က ဤသို့) မိန့်ကြားတော်မူလေသည်။ (အို-ဇကရိယာ)၊ အသင်၏လက္ခဏာကားသုံးရက်တိုင်တိုင် လူအပေါင်း တို့နှင့်လက်ရိပ်ခြေရိပ် မျက်ရိပ်မှအပ (တစ်ခွန်းတစ်ပါဒမျှ) အသင် စကားမပြောဆို နိုင်ခြင်းပင်တည်း။ အသင်သည် (ထိုနေ့ရက်များတွင်း) မိမိအရှင်ကိုများစွာ တçသ သတိရကာ ညဉ့်ဦးယံများ၌လည်းကောင်း၊နံနက်ယံများ၌၎င်း၊ (ထိုအရှင်မြတ်)၏ တတ်စ်ဗီဟ် ဘာဝနာကို စီးဖြန်း၍နေပါလေ။

Choose other languages: