Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #26 Translated in Burmese

أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
ဤသူများသည် အကြင်သူများပင်တည်း။ယင်းသူတို့ ဆည်းပူးခဲ့သမျှသော (ကောင်းမှု)တို့သည် ဤပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း အချည်းနှီးအကျိုးမဲ့ဖြစ်ချေပြီ။ ထို့ပြင်တဝ ယင်းသူတို့ကို (အလ္လာဟ်အရှင်မြတ်၏) အပြစ်ဒဏ်မှ လွတ်မြောက်စေရန် ကယ်ဆယ်စောင်မမည့်သူဟူ၍ လည်းတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ချေ။
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ
(အို-နဗီ)ကျမ်းဂန်များအနက်မှ တစ်စိတ်တစဒေသ ချီးမြှင့်ခြင်းခံရသော အကြင်သူတို့(၏အဖြစ်)ကိုအသင်စဉ်းစားဆင်ခြင် မမြင်မိပါသလော၊ ထိုသူတို့သည်၎င်းတို့၏စပ်ကြားဝယ် အချင်းချင်း (အငြင်းပွားလျက်ရှိသောပြဿနာကို) စီရင်ဆုံးဖြတ် ပေးရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန် (၏အဆုံးအဖြတ်)ကို ခံယူကြရန်ဘိတ်ခေါ်ခြင်း ခံကြရလေသည်။ (သို့ ဖိတ်ခေါ်ခြင်းခံကြရသည့်) နောက်တွင် ယင်းသူတို့အနက် (အကြီးအကဲဖြစ်သော)လူတစ်စုသည် သွေဖည်ကျောခိုင်း၍ သွားကြလေသည်။အမှန်သော်ကား ထိုသူများသည် (အမြဲတစေ) မျက်နှာလွှဲဖယ်သူများပင် ဖြစ်ကြကုန်သတည်း။
ذَٰلِكَ بِأَنَّهُمْ قَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِمْ مَا كَانُوا يَفْتَرُونَ
ဤ(ကဲ့သို့ တရားဒေသနာတော်များကို သွေ ဖည်ကျောခိုင်းဝံ့ခြင်းအကြောင်း)မှာကား ထိုသူတို့က ငရဲမီးသည်ငါတို့အား ရေတွက်ထားသော နေ့ရက် အနည်းငယ်)မှအပအလျင်းထိရောက်မည်မဟုတ် ဟု (ယုံကြည်) ပြောဆို နေခြင်းကြောင့်ပင်တည်း။ စင်စစ်သော်ကား ၎င်းတို့အား ၎င်းတို့၏သာသနာရေး နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် လီဆယ်လုပ်ကြံ ဖန်တီးထားသော အချက်များကပင် လှည့်ပတ်ဖြားယောင်းထားလေသည်။
فَكَيْفَ إِذَا جَمَعْنَاهُمْ لِيَوْمٍ لَا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
သို့ရာတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ငါအရှင်မြတ်သည် ထိုသူတို့အား စုရုံးစေတော် မူသည့်အခါ(ထိုသူတို့၏အဖြစ်သည်) မည်သို့ဖြစ်အံ့နည်း။ ထိုရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ �လျင်းမရှိ။(ထိုနေ့သည်ကား မုချ ဆိုက်ရောက်မည် ဖြစ်သည်။) ထို့ပြင်(ထိုနေ့တွင်) လူတိုင်းလူတိုင်းသည် မိမိတို့ ပြုလုပ်ဆည်းပူးခဲ့သော (ကောင်းမှု၊ မကောင်းမှုတို့၏အကျိုးအပြစ်ကို)အပြည့် အစုံပေးခြင်းခံကြရလတ္တံ့။ ထိုသူတို့သည် (အကျိုးအပြစ်ပေးခြင်းခံကြရာ၌) မတရားပြုလုပ်ခြင်းကို အလျင်းခံကြရမည်လည်းမဟုတ်ချေ။
قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَنْ تَشَاءُ وَتَنْزِعُ الْمُلْكَ مِمَّنْ تَشَاءُ وَتُعِزُّ مَنْ تَشَاءُ وَتُذِلُّ مَنْ تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ ဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။

Choose other languages: