Surah Aal-E-Imran Ayahs #186 Translated in Burmese
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
ဤ(ကဲ့သို့ ပြစ်ဒဏ်ခံကြရမည်မှာ)ကား အသင်တို့ (ကိုယ်တိုင်) မိမိတို့လက်များဖြင့် ကြိုတင် ပို့နှင့်ပြီးဖြစ်သောအကုသိုလ် ဒုစရိုက်များကြောင့်ပင်တည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်များအပေါ် မတရားဖိစီးညှဉ်းပန်း နှိပ်စက်တော်မူသော အရှင်မဟုတ်ပေ။
الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِنْ قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِنْ كُنْتُمْ صَادِقِينَ
(ထိုယဟူဒီများသည် အကြင်သူများပင် ဖြစ်ကြကုန်၏။) ထိုသူတို့က အကျွန်ုပ်တို့သည် မည်သည့်တမန်တော်တပါးကိုမျှ (ကောင်းကင်မှ) မီးစားသော အလှူဝတ္ထုတစ်စုံတစ်ရာကို ထို တမန်တော်သည် အကျွန်ုပ်ထံ မယူဆောင်လာသမျှ ကာလပတ်လုံး မယ�ံကြည်ကြရန် အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တို့အား မုချအမိန့်တော် ချမှတ်ထားတော်မူခဲ့လေသည် ဟု (မဟုတ်မမှန်လုပ်ကြံ) ပြောဆိုကြကုန်သည်။(သို့ဖြစ်၍ အို- နဗီတမန်တော် အသင်သည် ထိုသူတို့အားဟယ်-အချင်းတို့) အသင်တို့သည် အကယ်၍သာ သစ္စာဝါဒီမှန်ကန်စွာ ပြောဆို သူများဖြစ်ကြပါမူ အကျွန်ုပ်၏အလျင်မြောက်မြားစွာသော ရစူလ်တမန်တော်များသည် (အမျိုးမျိုးသော) တန်ခိုးပြာဋိဟာများနှင့်တကွ အသင်တို့ပြောဆိုသောအချက်ကိုပါ ယူဆောင်ကြွရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပါလျက်အသင်တို့သည် အဘယ်ကြောင့် ိုရစူလ်တမန်တော်များကိုသတ်ဖြတ်ခဲ့ကြပါသနည်း ဟု ပြောဆိုမေးမြန်းပါလေ။
فَإِنْ كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِنْ قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
(အို-နဗီတမန်တော်) အကယ်၍ ထိုသူတို့သည်အသင့်အား မုသားပြောဆိုသူဟူ၍ စွပ်စွဲပြောဆိုကြပါမူ (သို့စွပ်စွဲပြောဆိုခြင်းကား မထူးဆန်းလှပေ။ အကြောင်းဟူမူ) အသင်၏အလျင် ထင်ရှားစွာသော တန်ခိုးပြာဋိဟာ သက်သေသာဓကများကိုလည်းကောင်း၊ ကျမ်းငယ် (အစောင်စောင်)များကိုလည်းကောင်း၊ ထွန်းလင်းတောက်ပသော ကျမ်းကြီးများကိုလည်းကောင်း၊ ယူဆောင်လာခဲ့ကြကုန်သော ရစူလ်တမန်တော်များသည်ပင်လျှင် မုသားပြောဆို သူများဟူ၍ စွပ်စွဲပြောဆိုခြင်းကိုခံခဲ့ကြရလေသတည်း။
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ الْقِيَامَةِ ۖ فَمَنْ زُحْزِحَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ ۗ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
သက်ရှိသတ္တဝါတိုင်းသည် မရဏ သေခြင်းတရား၏ရသာကို မြည်စမ်းကြရမည်။ တဖန် အသင်တို့သည်ကိယာမတ်ခေါ် (သေပြီးနောက်) ရှင်ပြန်ထရမည့်နေ့၌သာလျှင် မိမိတို့၏(ကောင်းမှုမကောင်းမှုတို့၏)အကျိုးများကိုအပြည့်အစုံပေးခြင်းခံကြရပေမည်။ သို့ဖြစ်ပေရာ အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခြင်းခံရ၍ ဂျန္နတ် အမတသုခဘုံသို့ ဝင်ရောက်စေခြင်းကိုခံရအံ့။ သို့ဖြစ်လျှင် ထိုသူသာလျှင်စင်စစ်ဧကန် အောင်မြင်သောသူ ဖြစ်ပေသည်။အမှန်သော်ကား (နောင်တမလွန်ဘဝသည် သာလျှင် အမြဲခံစားရမည့်ဘဝဖြစ်၍ ဤပစ္စက္ခ မျက်မှောက်) လောကီဘဝသည်ကားထင်ယောင် ထင်မှားဖြစ်စေသောပစ္စည်းမျှသာ ဖြစ်ချေသည်။
لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنْفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِنْ تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
စင်စစ် အသင်တို့သည် မိမိတို့၏ဥစ္စာပစ္စည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စမ်းသပ်ခြင်းကို အမှန်ပင် ခံကြကုန်အံ့။ ထိုမှတစ်ပါးတုံ ဧကန်မလွဲ အသင်တို့ သည် မိမိတို့အလျင်(အလ္လာဟ်အရှင်မြတ်အထံ တော်မှ) ဒေသနာတော် ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့ထံမှလည်းကောင်း၊ (အခြားအရာကိုအလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြကုန်သော သူတို့ထံမှလည်းကောင်း စိတ်နှလုံးထိခိုက် နာကြည်းဖွယ်ရာများစွာကိုလည်း အမှန်စင်စစ်ကြားကြရပေမည်။ သို့ရာတွင်မူကား အသင်တို့သည် (ဘေးဒုက္ခများနှင့် ရင်ဆိုင်ရာ၌)အကယ်၍သာ ခနီ္တတရားထားရှိကာ(အဓမ္မတည်းဟူသော မတရားမှု ခပ်သိမ်းတို့မှ) ကြဉ်ရှောင်ကြပါလျှင် ယင်း(ကဲ့သို့ သည်းခံခြင်းနှင့်မတရားမှုတို့မှ ကြဉ်ရှောင်ခြင်းတို့)သည် စိတ်ဓာတ်ကြံ့ခိုင်စွာ ပြုမူရသောအရေးကိစ္စများ အနက်ပင်ဖြစ်သည်။
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
