Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #20 Translated in Burmese

الَّذِينَ يَقُولُونَ رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ
အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘဝတွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။
الصَّابِرِينَ وَالصَّادِقِينَ وَالْقَانِتِينَ وَالْمُنْفِقِينَ وَالْمُسْتَغْفِرِينَ بِالْأَسْحَارِ
(အပြစ်များမှကြဉ်ရှောင်သော ထိုသူတော်စင်များသည်) ခန္တီတရားနှင့် ပြည့်စုံသောသူများလည်းကောင်း၊(စိတ်နှလုံးဖြောင့်မတ်မှန်ကန် ငြိမ်သက်တည်ကြည်သော)သစ္စာဝါဒီများလည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူများလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ် အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
شَهِدَ اللَّهُ أَنَّهُ لَا إِلَٰهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِالْقِسْطِ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိ ကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင် တမန်များနှင့် ပညာရှင် သုခမိန် အပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာ စီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ် ရာ အရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ (ထို အရှင်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရား နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။
إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ ۗ وَمَا اخْتَلَفَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۗ وَمَنْ يَكْفُرْ بِآيَاتِ اللَّهِ فَإِنَّ اللَّهَ سَرِيعُ الْحِسَابِ
မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော် ၌(နှစ်မြို့တော်မူပြီးဖြစ်သော) ဒီန် သာသနာမှာ မူကားအစ္စလာမ် သာသနာတော်ပင်တည်း။ အမှန်သော်ကား(တော်ရာတ်နှင့် အီန်ဂျီလ်) ကျမ်းများ ပေးသနားတော်မူခြင်းခံကြရသော သူတို့သည် မိမိတို့ထံ အသိတရားရောက်ရှိပြီးနောက် သော်မှပင် မိမိတို့အချင်းချင်း မနာလိုဝန်တိုစိတ်ထား ရှိခြင်းကြောင့် မညီမညွတ် သဘောကွဲလွဲကြကုန်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို သွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စစ်ဆေး စောကြောတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသတည်း။
فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُلْ لِلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوْا ۖ وَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
(အစ္စလာမ် သာသနာတော်သည် မှန်ကန်သောသာသနာဖြစ်၍ အလ္လာဟ်အရှင်မြတ် သဘောတူ နှစ်ခြိုက်တော်မူသော သာသနာဖြစ်ကြောင်း ထင်ရှားပြီးဖြစ်ပါလျက်နှင့်ပင်) တဖန် ယင်းသူတို့သည် အသင်နှင့် အချေအတင်ပြောဆိုငြင်းခုံကြပါမူ အသင်က(ယင်းသူတို့အား) (ဟယ်အချင်းတို့) အကျွန်ုပ်သည် မိမိမျက်နှာကို အလ္လာဟ် အရှင်မြတ်(အမိန့်တော်ကို နာခံခြင်းအားဖြင့် ထိုအရှင်မြတ်) ဖက်သို့သာလျှင် လှည့်ပြီးဖြစ်ချေပြီ။ ထိုနည်းတူစွာ အကျွန်ုပ်၏နောက်လိုက်များသည်လည်း (မိမိတို့၏ မျက်နှာများကိုအရှင်မြတ်ဖက်သို့သာလျှင်လှည့်ကြချေပြီ) ဟုပြောကြားပါလေ။ထိုမှတစ်ပါးတုံ အသင်သည် ကျမ်းဂန် (တော်ရာတ်နှင့်အီန်ဂျီလ်)ကို ရရှိပြီးဖြစ်သောသူတို့ ကိုလည်းကောင်း၊စာပေမတတ် အသိပညာကင်းမဲ့သော (အရဗ်မုရှ်ရိတ်) တို့ကိုလည်းကောင်း၊(ဟယ်-အချင်းတို့) အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်ကိုနာခံ�ော မုစ်လင်မ်များဖြစ်ကြပါသလောဟု မေးမြန်းပါလေ။ တစ်ဖန် အကယ်၍သာယင်းသူတို့သည် အမိန့်တော်ကိုနာခံသော မုစ်လင်မ်များဖြစ်ကြပါလျှင် ယင်းသူတို့သည်လည်း တရားလမ်းမှန်ကို ရရှိကြလတ္တံ့။ သို့ရာတွင် အကယ်၍ ယင်းသူတို့သည် (အစ္စလာမ်သာသနာကို) မျက်နှာလွှဲရှောင်ကျောခိုင်း၍ သွားကြပါလျှင်အသင့်အပေါ်ဝယ် (အလ္လာဟ်အရှင်မြတ်၏) အမိန့်ဗျာဒိတ်တော်များကို ဟောကြားပို့ဆောင်ရုံမျှသာ တာဝန်ရှိပေသည်။အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)၏ကျွန်များကို ခွဲခြား၍သိမြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

Choose other languages: