Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #138 Translated in Burmese

الَّذِينَ يُنْفِقُونَ فِي السَّرَّاءِ وَالضَّرَّاءِ وَالْكَاظِمِينَ الْغَيْظَ وَالْعَافِينَ عَنِ النَّاسِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊ ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။ လူသားတို့အား ခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။
وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَنْ يَغْفِرُ الذُّنُوبَ إِلَّا اللَّهُ وَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ
ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြ သည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါးအပြစ်များမှ ချမ်းသာခွင့် ပေးနိုင်သောသူ သည်အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက် နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။
أُولَٰئِكَ جَزَاؤُهُمْ مَغْفِرَةٌ مِنْ رَبِّهِمْ وَجَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ وَنِعْمَ أَجْرُ الْعَامِلِينَ
ထိုသူတော်စင်တို့၏အကျိုးကား ယင်းသူတို့ အားမွေးမြူတော်မူသောအရှင်မြတ် အထံတော်မှ အပြစ်ချမ်းသာပေးသနားတော်မူခြင်းနှင့် ဥယျာဉ်များ ဖြစ်၏။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်း များစီးဆင်းလျက်ရှိ၏။ (ထိုသူတော်စင်များသည်)ထို ဥယျာဉ်များ၌ ထာဝစဉ် စံမြန်းနေထိုင်လျက်ရှိကြကုန်အံ့။ စင်စစ် ကောင်းမှုပြုလုပ်သောသူတို့၏ကုသိုလ် အကျိုးသည် အလွန်ကောင်းမြတ်လှပေသတည်း။
قَدْ خَلَتْ مِنْ قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
هَٰذَا بَيَانٌ لِلنَّاسِ وَهُدًى وَمَوْعِظَةٌ لِلْمُتَّقِينَ
ဤသည်ကား လူခပ်သိမ်းတို့ (သိနားလည် နိုင်ရန်) အလို့ငှာ ရှင်းလင်းဖေါ်ပြချက်လည်းဖြစ်၏။ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ တရားဓမ္မ ညွှန်ကြားချက်များလည်းဖြစ်၏။ ဆုံးမဩဝါဒလည်းဖြစ်၏။

Choose other languages: