Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #141 Translated in Burmese

قَدْ خَلَتْ مِنْ قَبْلِكُمْ سُنَنٌ فَسِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
ဧကန်ဆတ်ဆတ် အသင်တို့အလျင် အမျိုးမျိုးသော (အယူဝါဒ) ထုံးတမ်းဓလေ့များကို (လိုက်စားသူများ)လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ရာ အသင်တို့သည် မ္ဘာမြေပြင်ဝယ် သွားလာလှည့်ပတ်၍ (အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်ကို) မဟုတ်မမှန် မုသားဟု ပြောဆိုငြင်းပယ်ကြသောသူတို့၏ နောက်ဆုံးအဖြစ်အပျက်သည် မည်သို့ ဖြစ်ခဲ့သည်ကို၊ကြည့်ရှုဆင်ခြင်ကြလေကုန်။
هَٰذَا بَيَانٌ لِلنَّاسِ وَهُدًى وَمَوْعِظَةٌ لِلْمُتَّقِينَ
ဤသည်ကား လူခပ်သိမ်းတို့ (သိနားလည် နိုင်ရန်) အလို့ငှာ ရှင်းလင်းဖေါ်ပြချက်လည်းဖြစ်၏။ ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီ သူတော်စင်များအဖို့ တရားဓမ္မ ညွှန်ကြားချက်များလည်းဖြစ်၏။ ဆုံးမဩဝါဒလည်းဖြစ်၏။
وَلَا تَهِنُوا وَلَا تَحْزَنُوا وَأَنْتُمُ الْأَعْلَوْنَ إِنْ كُنْتُمْ مُؤْمِنِينَ
ထိုပြင့်တဝအသင်တို့သည် အားလည်းမလျှော့ကြကုန်လင့်၊ ပူပင်သောကလည်းမဖြစ်ကြကုန်လင့်။ စင်စစ်သော်ကား အကယ်၍သာ အသင်တို့သည် မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ ဖြစ်ကြပါမူ (နောက်ဆုံးတွင်)အသင်တို့သည်သာလျှင် အနိုင်ရရှိသူများ ဖြစ်ကြလတ္တံ့။
إِنْ يَمْسَسْكُمْ قَرْحٌ فَقَدْ مَسَّ الْقَوْمَ قَرْحٌ مِثْلُهُ ۚ وَتِلْكَ الْأَيَّامُ نُدَاوِلُهَا بَيْنَ النَّاسِ وَلِيَعْلَمَ اللَّهُ الَّذِينَ آمَنُوا وَيَتَّخِذَ مِنْكُمْ شُهَدَاءَ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
အကယ်၍ အသင်တို့၌ (အုဟုဒ် စစ်ပြေပြင်တွင်) တစုံတရာ ဒဏ်ရာဒဏ်ချက် ထိရောက်ခဲ့ပါလျှင် ယင်းကဲ့သို့ ဒဏ်ရာဒဏ်ချက်သည်ပင် (ဗဒ်ရ်စစ် မြေပြင်တွင်) ထိုရန်သူများ၌လည်း ထိရောက်ခဲ့ပြီး ဖြစ်ပေသည်။ (နိုင်တစ်ခါရှုံးတစ်လှည့်ဖြစ်သော) ဤခေတ်သမယများကို ငါအရှင်မြတ်သည်လူသား တို့စပ်ကြားတွင်လှည့်ပတ်ရောက်စေတော်မူသည်။(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည်အီမာန်ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြသော ‘မုအ်မင်န်’တို့ကို သိရှိတော်မူရန် အလို့ငှာလည်းကောင်း၊ အသင်တို့အနက်မှ အချို့တို့ကို (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌) အသက်စွန့်သွားသော အာဇာနည်များအဖြစ် ပြုလုပ်တော် မူရန်အလို့ငှာလည်းကောင်း ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရား ကျူးကျော် စော်ကားသော သူများကိုနှစ်သက်တော်မူသည် မဟုတ်ချေ။
وَلِيُمَحِّصَ اللَّهُ الَّذِينَ آمَنُوا وَيَمْحَقَ الْكَافِرِينَ
၎င်းပြင် (ယင်းကဲ့သို့ ပြုလုပ်တော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ အီမာန် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသောသူတို့အား (ပြစ်မှုအပေါင်းတို့မှ) သန့်ရှင်း စင်ကြယ်စေတော် မူရန် အလို့ငှာလည်းကောင်း၊ ကာဖိရ်မယုံမကြည် သွေဖယ် ငြင်းပယ်သောသူများကို သုတ်သင်ရှင်းလင်းတော်မူရန် အလို့ငှာလည်းကောင်း၊ ဖြစ်ချေသတည်း။

Choose other languages: