Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #118 Translated in Burmese

يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُسَارِعُونَ فِي الْخَيْرَاتِ وَأُولَٰئِكَ مِنَ الصَّالِحِينَ
(ထိုမျှမကသေးချေ၊) ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ယုံကြည်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကောင်းရာကောင်းကြောင်းများကိုလည်း ညွှန်ကြားကြကုန်၏။ ထိုနည်းတူစွာပင်ယင်းသူတို့သည် ဒုစရိုက်မှု (အရပ်ရပ်တို့)မှလည်း တားမြစ်ကြကုန်၏။ တဖန် ထိုသူတို့သည် (မိမိတို့ကိုယ်တိုင်လည်း) ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် သူ့ထက်ငါသာအောင် (အပတ်တကုတ်ကြိုးစားအားထုတ်၍) အဆောတလျင် ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ဤသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည် ကြကုန်သော သူမွန်သူမြတ်များ အနက်မှပင် ဖြစ်ကြကုန်၏။
وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَنْ يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာ ရတနာများသည်လည်းကောင်း၊ယင်းသူတို့၏ သားသမီး ရတနာများသည်လည်းကောင်း(ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် (၏ ပြစ်ဒဏ်တော်)မှ ကာကွယ်ရန် အနည်းငယ် စိုးစဉ်းမျှပင် အလျင်းအသုံးဝင်မည် မဟုတ်ပေ။ စင်စစ် ဤသူတို့သည် ငရဲသားများပင် ဖြစ်ကြ၏။ ယင်းသူတို့သည် ထိုငရဲ၌ပင် ထာဝစဉ်နေထိုင်ခံစားကြရမည့် သူများပင်တည်း။
مَثَلُ مَا يُنْفِقُونَ فِي هَٰذِهِ الْحَيَاةِ الدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوا أَنْفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ أَنْفُسَهُمْ يَظْلِمُونَ
ဤပစ္စုပ္ပန်ဘဝတွင် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့ကြကုန်သော ထို(ကာဖိရ်) တို့၏ လှူဒါန်းစွန့်ကြဲခြင်း၏ဥပမာ ပုံဆောင်ချက်ကား အကြင်လေနှင့်အလားတူ၏။ ထိုလေ၌ အလွန်ပြင်းထန်သော အအေးဓါတ်သည်ရှိ၏။ ထိုလေသည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူ ပြုကြကုန်သော အကြင်လူစုတစ်စု၏ လယ်ယာကို တိုက်ခတ်၍ ထိုလယ်ယာကိုင်းကျွန်းကို(ဆွေးမြေ့)ပျက်စီးစေခဲ့၏။ (ထိုနည်းပမာ ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သောသူတို့၏ အလှူဒါနများသည်လည်း နောင်တမလွန်ဘဝ၌ အချည်းနှီးပင် ဖြစ်ပေမည်)။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့အား နှိပ်စက်ညှဉ်းပန်းတော်မူသည် မဟုတ်ပေ။ သို့ရာတွင် ယင်းသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ကိုယ်တိုင်ပင် နှိပ်စက်ကလူ ပြုကြကုန်သတည်း။
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا بِطَانَةً مِنْ دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا مَا عَنِتُّمْ قَدْ بَدَتِ الْبَغْضَاءُ مِنْ أَفْوَاهِهِمْ وَمَا تُخْفِي صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ ۖ إِنْ كُنْتُمْ تَعْقِلُونَ
ဂ။ အို - မုအ်မင်န် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ (မုစ်လင်မ်များ)အပြင် (အခြားမည်သူကိုမျှ) အကျွမ်းတဝင် ခင်မင်ရင်းနှီးသော အတွင်းသိ ချစ်ဆွေအဖြစ် မပြုကြကုန်လင့်။ (အကြောင်းတမူကား) ထိုသူတို့ သည် အသင်တို့အား မကောင်းကြံစည်ရာ၌အကြံအစည် လျှော့ကြမည်မဟုတ်ချေ။ (အမှန်စင်စစ်) ယင်းသူတို့သည် အသင်တို့ ဒုက္ခကြီးစွာတွေ့ကြုံ ခြင်းကိုသာ နှစ်သက်ကြကုန်၏။ (သို့ကြောင့်) ရန်ငြိုးထားခြင်းသည် ယင်းသူတို့၏နှုတ်များမှ မုချထွက်ပေါ်လာခဲ့ချေပြီ။ တဖန် ယင်းသူတို့စိတ်�ှလုံး များ၌ ကိန်းအောင်းလျက်ရှိသော အကြံအစည်များမှာမူ၊ သာ၍ပင် ကြီးမားလှတော့၏။ အကယ်၍သာ အသင်တို့သိနားလည်ကြပါမူ၊ ငါအရှင်မြတ်သည် အသင်တို့ အကျိုးငှါ(ယင်းသူတို့ ရန်ငြိုးထားရှိကြောင်းနှင့်စပ်လျဉ်း၍)သက်သေသာဓက လက္ခဏာရပ်တို့ကို မုချထုတ်ဖေါ် မိန့်ကြားထင်ရှား စေတော်မူခဲ့ပြီ ဖြစ်ချေသတည်း။

Choose other languages: