Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #116 Translated in Burmese

ضُرِبَتْ عَلَيْهِمُ الذِّلَّةُ أَيْنَ مَا ثُقِفُوا إِلَّا بِحَبْلٍ مِنَ اللَّهِ وَحَبْلٍ مِنَ النَّاسِ وَبَاءُوا بِغَضَبٍ مِنَ اللَّهِ وَضُرِبَتْ عَلَيْهِمُ الْمَسْكَنَةُ ۚ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ الْأَنْبِيَاءَ بِغَيْرِ حَقٍّ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
ထိုသူတို့သည် မည့်သည့်နေရာ၌မဆို၊ အလ္လာဟ်အရှင်မြတ်နှင့်သော်လည်းကောင်း၊ လူတို့နှင့်သော်လည်းကောင်း၊ ပဋိညာဉ်ထားရှိသည်မှအပ နလေရာအရပ်တိုင်းတွင် ယင်းသူတို့အပေါ်၌ ဂုဏ်အသရေ သေးသိမ်ခြင်းသည်အတည်ပြုပြီးဖြစ်သည့်ပြင်၊ ယင်းသူတို့အား အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် သင့်ခဲ့ ချေပြီ။ ထိုမျှမက ယင်းသူတို့အပေါ်ဝယ် ဒုက္ခဆင်းရဲခြင်းသည်လည်း အတည်ပြုပြီး ဖြစ်ချေပြီ။ ဤ(ကဲ့သို့ ဂုဏ်အသရေ သေးသိမ်ခြင်း၊ အမျက်တော်သင့်ခြင်းနှင့် ဆင်းရဲခြင်းဒုက္ခခံစားရခြင်းတို့) အကြောင်းကားထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို မယုံမကြည်သွေဖည် ငြင်းပယ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား (မည်သည့် နည်းနှင့်မျှ) သတ်ဖြတ်ပိုင်ခွင့် မရှိဘဲလျက် မတရားသဖြင့်သတ်ဖြတ်လေ့ရှိခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။ (တဖန်) ဤ(ကဲ့သို့ ပြစ်မှုဒုစရိုက်များကျူးလွန်ခြင်း) အကြောင်းကား ယင်းသူတို့သည်အမိန့်တော်ကို မနာခံခဲ့ခြင်းကြောင့်လည်းကောင်း၊ စည်းကမ်းဖေါက်ဖျက် ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ ဖြစ်ပေသတည်း။
لَيْسُوا سَوَاءً ۗ مِنْ أَهْلِ الْكِتَابِ أُمَّةٌ قَائِمَةٌ يَتْلُونَ آيَاتِ اللَّهِ آنَاءَ اللَّيْلِ وَهُمْ يَسْجُدُونَ
ယင်း (အထက်ကျမ်းဂန်ရရှိသော) သူတို့သည်အားလုံးမတူကြချေ။ (အမှန်စင်စစ် ထိုအထက်) ကျမ်းဂန်ရရှိသူတို့အနက်မှပင် (မှန်ကန်သော တရားလမ်းစဉ်၌) ဖြောင့်မတ်စွာ တည်တံ့နေသော လူစုတစ်စုသည်လည်း ရှိနေကြကုန်၏။ယင်းသူတို့သည် ညဉ့်ယံများ၌ အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏။ 4င်းပြင်(အလ္လာဟ် အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ်) ‘စဂျ်ဒဟ်’ ဦးချကြကုန်၏။
يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُسَارِعُونَ فِي الْخَيْرَاتِ وَأُولَٰئِكَ مِنَ الصَّالِحِينَ
(ထိုမျှမကသေးချေ၊) ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ယုံကြည်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ကောင်းရာကောင်းကြောင်းများကိုလည်း ညွှန်ကြားကြကုန်၏။ ထိုနည်းတူစွာပင်ယင်းသူတို့သည် ဒုစရိုက်မှု (အရပ်ရပ်တို့)မှလည်း တားမြစ်ကြကုန်၏။ တဖန် ထိုသူတို့သည် (မိမိတို့ကိုယ်တိုင်လည်း) ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် သူ့ထက်ငါသာအောင် (အပတ်တကုတ်ကြိုးစားအားထုတ်၍) အဆောတလျင် ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ဤသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည် ကြကုန်သော သူမွန်သူမြတ်များ အနက်မှပင် ဖြစ်ကြကုန်၏။
وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَنْ يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ထို့ပြင်တဝ၊ ယင်းသူတို့သည် မည်သည့် ကောင်းမှုကုသိုလ်ကိုမဆို ပြုလုပ်ကြပါမူ၊ ထိုသူတို့သည် ထိုကောင်းမှုကုသိုလ်(၏အကျိုး)ကို လက်လွတ်စေခြင်း အလျင်းခံကြရမည်မဟုတ်ပေ။ အကြောင်းတမူကား အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတော်စင်အပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာ ရတနာများသည်လည်းကောင်း၊ယင်းသူတို့၏ သားသမီး ရတနာများသည်လည်းကောင်း(ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ် (၏ ပြစ်ဒဏ်တော်)မှ ကာကွယ်ရန် အနည်းငယ် စိုးစဉ်းမျှပင် အလျင်းအသုံးဝင်မည် မဟုတ်ပေ။ စင်စစ် ဤသူတို့သည် ငရဲသားများပင် ဖြစ်ကြ၏။ ယင်းသူတို့သည် ထိုငရဲ၌ပင် ထာဝစဉ်နေထိုင်ခံစားကြရမည့် သူများပင်တည်း။

Choose other languages: