Quran Apps in many lanuages:

Surah Yusuf Ayahs #60 Translated in Burmese

وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَاءُ ۚ نُصِيبُ بِرَحْمَتِنَا مَنْ نَشَاءُ ۖ وَلَا نُضِيعُ أَجْرَ الْمُحْسِنِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ယူဆွဖ်အား တိုင်းပြည်တွင် ထိုယူဆွဖ်သည် ယင်းတိုင်းပြည်၌ မိမိနေလိုသောနေရာတွင်နေထိုင်ရန် အာဏာကိုချီးမြှင့်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၌ မိမိကရုဏာတော်ကို သက်ရောက်စေတော်မူ၏။၎င်းပြင် ငါအရှင်မြတ်သည် ကောင်းမှုပြုလုပ်သူတို့၏အကျိုးကိုအချည်းအနှီး ဖြစ်စေတော်မူသည် မဟုတ်ပေ။
وَلَأَجْرُ الْآخِرَةِ خَيْرٌ لِلَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် အီမန်သက်ဝင်ယုံကြည်၍ (ပြစ်မှုဒုစရိုက်များမှ) အမြဲတစေ ကြဉ်ရှောင်လျက်ရှိကြ သောသူတို့အဖို့မှာကား နောင်တမလွန်ဘဝ၏ အကျိုး သည် အကောင်းဆုံးပင်ဖြစ်ပေသတည်း။
وَجَاءَ إِخْوَةُ يُوسُفَ فَدَخَلُوا عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُ مُنْكِرُونَ
ထို့နောက် ယူဆွဖ်၏ နောင်တော်တို့လည်း (အီဂျစ်သို့)လာခဲ့ကြပြီး၊ ယင်းယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်သည် ၎င်းတို့အား မှတ်မိခဲ့လေသည်။ သို့ရာတွင် ယင်းတို့မူကား ထိုယူဆွဖ်အား မမှတ်မိကြပေ။
وَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ قَالَ ائْتُونِي بِأَخٍ لَكُمْ مِنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّي أُوفِي الْكَيْلَ وَأَنَا خَيْرُ الْمُنْزِلِينَ
တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့သည် မိမိတို့ခမည်းတော်ဘက်မှတော်စပ်သော အသင်တို့၏ ညီတော်အား ကျွန်ုပ်ထံခေါ်ဆောင်ခဲ့ကြလေကုန်။ အသင်တို့သည် မမြင်ကြလေသလော။ ကျွန်ုပ်သည် (စားနပ်ရိက္ခာဖြန့်ဖြူးရာတွင်) ခြင်တွယ်သောပမာဏကို အပြည့်ခြင်၍ပေးသည့်ပြင် ကျွန်ုပ်သည်အကောင်းဆုံး ဧည့်ခံသူတစ်ဦးလည်း ဖြစ်ပေသတည်း။
فَإِنْ لَمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِنْدِي وَلَا تَقْرَبُونِ
သို့ဖြစ်ပေရာ အကယ်၍သာ အသင်တို့သည်ထိုညီတော်အား ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်းမပြုခဲ့ ကြပါလျှင်အသင်တို့အဖို့ ကျွန်ုပ်ထံတွင် ခြင်တွယ်ခြင်းအလျဉ်း ရှိလိမ့်မည်မဟုတ်ပေ။ အသင်တို့သည် ကျွန်ုပ်ထံလည်း မချဉ်းကပ်ကြကုန်လင့်။

Choose other languages: