Quran Apps in many lanuages:

Surah Yusuf Ayahs #46 Translated in Burmese

وَقَالَ لِلَّذِي ظَنَّ أَنَّهُ نَاجٍ مِنْهُمَا اذْكُرْنِي عِنْدَ رَبِّكَ فَأَنْسَاهُ الشَّيْطَانُ ذِكْرَ رَبِّهِ فَلَبِثَ فِي السِّجْنِ بِضْعَ سِنِينَ
၎င်းပြင် ထိုယူဆွဖ်သည် ယင်းလုလင်နှစ်ဦးအနက်မှ လွတ်မြောက်မည့်သူဖြစ်သည်ကို ယုံကြည် သာသူအား အသင်သည် မိမိသခင်(ဖြစ်သောဘုရင် မင်းမြတ်)ထံတွင်ကျွန်ုပ်၏အကျိုးအကြောင်းကို ဖော် ပြပြောဆိုပါလေဟု ပြောဆိုမှာကြားခဲ့လေ၏။ သို့ရာတွင် ရှိုင်တွာန်မိစ္ဆာကောင်သည်ထိုလုလင်အား မိမိသခင် (ဘုရင်မင်းမြတ်)ရှေ့တွင်ထိုယူဆွဖ်၏အကြောင်း ပြောပြရန် မေ့လျော့စေခဲ့ရာ ထိုယူဆွဖ်သည် အကျဉ်းထောင်ထဲတွင် နှစ်ကာလအတန်ကြာအောင်နေထိုင်ခဲ့ရလေသတည်း။
وَقَالَ الْمَلِكُ إِنِّي أَرَىٰ سَبْعَ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعَ سُنْبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ ۖ يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي رُؤْيَايَ إِنْ كُنْتُمْ لِلرُّؤْيَا تَعْبُرُونَ
ထို့နောက် ဘုရင်က ဧကန်စင်စစ် ငါသည်အိပ်မက်တွင် ဝဝဖြိုးဖြိုးရှိကြကုန်သော နွားမခုနစ်ကောင်ကိုပိန်ချုံးလျက်ရှိသော နွားမခုနစ်ကောင်တို့က စား၍နေကြသည်ကိုလည်းကောင်း၊ စိုစိမ်းသော စပါးနှံခုနစ်နှံနှင့်အခြား သွေ့ခြောက်လျက်ရှိကုန်သော (စပါးနှံ ခုနစ်နှံတို့ကို)လည်းကောင်း၊မြင်မက်ခဲ့ လေသည်။ အို-မှူးကြီးမတ်ရာတို့၊ အကယ်၍ အသင်တို့သည် အိပ်မက်ဒိဗ်ဓုမ်ကိုပြော၍ ပြတတ်ကြပါလျှင် ငါ၏(ဤမည်သော) အိပ်မက်ဒိဗ်ဓုမ်ကို ငါ့အား တင်လျှောက်ကြလေကုန်ဟု ပြောကြားခဲ့လေ၏။
قَالُوا أَضْغَاثُ أَحْلَامٍ ۖ وَمَا نَحْنُ بِتَأْوِيلِ الْأَحْلَامِ بِعَالِمِينَ
(ထိုရောကာလ) ယင်းမှူးကြီးမတ်ရာတို့က (အိုဘုရင်မင်းမြတ် ဤကား) ဂယောင်ဂယက် မြင်မက်သော အိပ်မက်မျှသာဖြစ်ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးတို့မှာမူကားဂယောင်ဂယက် အိပ်မက်များ၏ဒိဗ်ဓုမ်ကို နားလည်သူများလည်း မဟုတ်ကြပါဟု လျှောက်ထားခဲ့ကြလေသတည်း။
وَقَالَ الَّذِي نَجَا مِنْهُمَا وَادَّكَرَ بَعْدَ أُمَّةٍ أَنَا أُنَبِّئُكُمْ بِتَأْوِيلِهِ فَأَرْسِلُونِ
ထိုအခါ ယင်း(အကျဉ်းချထားခြင်း ခံခဲ့ကြသော) လုလင်နှစ်ဦးအနက် ပြန်၍လွတ်မြောက်ခဲ့သော လုလင်သည် ကာလအတော်ကြာပြီးနောက်သော်မှပင် သတိရလာ၍ထိုအိပ်မက်၏ဒိဗ်ဓုမ်ကို ဘုရင်မင်းမြတ်တို့အား ကျွန်တော်မျိုးတစ်ဆင့်ပြောပြပါမည်။ သို့ပါ၍ အရှင်မင်းမြတ်သည် ကျွန်တော်မျိုးအား သွားခွင့်ပြုတော်မူပါဟု လျှောက်ထားခဲ့လေ၏။
يُوسُفُ أَيُّهَا الصِّدِّيقُ أَفْتِنَا فِي سَبْعِ بَقَرَاتٍ سِمَانٍ يَأْكُلُهُنَّ سَبْعٌ عِجَافٌ وَسَبْعِ سُنْبُلَاتٍ خُضْرٍ وَأُخَرَ يَابِسَاتٍ لَعَلِّي أَرْجِعُ إِلَى النَّاسِ لَعَلَّهُمْ يَعْلَمُونَ
(အကျဉ်းထောင်သို့ရောက်လတ်သော် ထိုလုလင်သည် တမန်တော်ယူဆွဖ်အား ဤသို့ ပြောဆိုလေ၏။) အို-ယူဆွဖ်၊ အို-သစ္စာဝါဒီ၊ အသင်သည် ကျွန်ုပ်တို့အား ဝဝဖြိုးဖြိုးရှိသော နွားမခုနစ်ကောင်ကို ပိန်ချုံးသော နွားမခုနစ်ကောင်သည် စား၍နေသည်။ ၎င်းပြင် စိမ်းစိုသော စပါးနှံခုနစ်နှံနှင့်ခြောက်သွေ့သော စပါးခုနှစ်နှံဖြစ်ကုန်သည်။ (မြင်မက်သောအိပ်မက်)နှင့်စပ်လျဉ်း၍ (ဒိဗ်ဓုမ်ကို) ရှင်းလင်း ပြောပြပါလေ။သို့မှသာလျှင် ကျွန်ုပ်သည် လူများထံပြန်နိုင်၍ လူများလည်း(အသင်၏ မြင့်မြတ်လှသောဂုဏ်အင်များကို) သိနားလည်နိုင်ကြပေမည် ဖြစ်သတည်း။

Choose other languages: