Quran Apps in many lanuages:

Surah Yusuf Ayahs #13 Translated in Burmese

اقْتُلُوا يُوسُفَ أَوِ اطْرَحُوهُ أَرْضًا يَخْلُ لَكُمْ وَجْهُ أَبِيكُمْ وَتَكُونُوا مِنْ بَعْدِهِ قَوْمًا صَالِحِينَ
(၎င်းတို့အနက် တစ်ဦးက ဤသို့ပြောဆို အကြံပေးခဲ့လေသည်။) အသင်တို့သည် ယူဆွဖ်အားသတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့ (သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကိုဝန်ချတောင်းပန်ကာ) ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။(လိမ့်မည်။)
قَالَ قَائِلٌ مِنْهُمْ لَا تَقْتُلُوا يُوسُفَ وَأَلْقُوهُ فِي غَيَابَتِ الْجُبِّ يَلْتَقِطْهُ بَعْضُ السَّيَّارَةِ إِنْ كُنْتُمْ فَاعِلِينَ
၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပြန်၏။ (အချင်းတို့) အသင်တို့သည် ယူဆွဖ်အား မသတ်ကြပါလေနှင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (တစ်စုံတစ်ရာကိုမုချ) ပြုလုပ်ကြတော့မည့်သူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းအား ရေတွင်း၏ စောက်နက်ထဲသို့ ပစ်ချကြလေကုန်။၎င်းအား ခရီးသည်စုအနက်မှ တစ်ဦးဦးသည် (ထိုရေတွင်းထဲမှ)ဆယ်ယူသွားပေလိမ့်မည် ဖြစ်သတည်း။
قَالُوا يَا أَبَانَا مَا لَكَ لَا تَأْمَنَّا عَلَىٰ يُوسُفَ وَإِنَّا لَهُ لَنَاصِحُونَ
(ထို့နောက်) ၎င်းတို့သည်(ဖခမည်းတော်ထံသွားရောက်ပြီး ဤသို့)ပြောဆိုလျှောက်ထားကြကုန်၏။ အို-ကျွန်ုပ်တို့၏ဖခမည်းတော်၊ ခမည်းတော်သည် ယူဆွဖ်နှင့် ပတ်သက်၍ကျွန်ုပ်တို့အပေါ်၌ အဘယ်ကြောင့် စိတ်မချပါသနည်း။ စင်စစ်သော်ကား ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကောင်းကျိုးကိုသာ လိုလားသူများဖြစ်ကြပါသည်။
أَرْسِلْهُ مَعَنَا غَدًا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُ لَحَافِظُونَ
(သို့ပါ၍) ခမည်းတော်သည် ယင်းယူဆွဖ်အားနက်ဖြန်နံနက် ကျွန်ုပ်တို့နှင့်အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်ကစားနိုင်ရန်အလို့ငှာလွှတ်ပါ။ ကျွန်ုပ်တို့သည် ဧကန်အမှန်၎င်းအား (ဘေးရန်ခပ်သိမ်းတို့မှ ကာကွယ်)စောင့်ရှောက်မည့်သူများပင် ဖြစ်ကြပါသည်။
قَالَ إِنِّي لَيَحْزُنُنِي أَنْ تَذْهَبُوا بِهِ وَأَخَافُ أَنْ يَأْكُلَهُ الذِّئْبُ وَأَنْتُمْ عَنْهُ غَافِلُونَ
(ထိုအခါ ၎င်းတို့၏ခမည်းတော်က ဤသို့)ဖြေဆိုပြန်ကြားခဲ့လေသည်။ (အို-ငါ၏ချစ်သားတို့) ဧကန်စင်စစ် ငါသည် အသင်တို့ ထိုယူစုဖ်အားခေါ် ဆောင်သွားခြင်းအားဖြင့် ပူဆွေးရမည်မှာ ဧကန်မလွဲပင်။ ထိုမှတစ်ပါး အသင်တို့သည် ထိုယူဆွဖ်အားသတိမမူ မေ့လျော့နေစဉ်အခိုက် ၎င်းအား ဝံပုလွေကိုက်စားမည်ကိုလည်း ငါသည် စိုးရိမ်မိပေသတည်း။

Choose other languages: