Quran Apps in many lanuages:

Surah Yunus Ayahs #88 Translated in Burmese

وَقَالَ مُوسَىٰ يَا قَوْمِ إِنْ كُنْتُمْ آمَنْتُمْ بِاللَّهِ فَعَلَيْهِ تَوَكَّلُوا إِنْ كُنْتُمْ مُسْلِمِينَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပြီး အမှန်ပင် မုစ်လင်မ် အမိန့်တော်ကို နာခံသူများ ဖြစ်ကြပါလျှင် အသင်တို့သည် (မိမိတို့၏အရေးကိစ္စအဝဝတွင်) ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည် အားထားကြလေကုန်။
فَقَالُوا عَلَى اللَّهِ تَوَكَّلْنَا رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِلْقَوْمِ الظَّالِمِينَ
ထိုအခါ နဗီတမန်တော်မူစာ၏ အမျိုးသားတို့က (အို-နဗီတမန်တော်မူစာ၊) ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထားကြပါပြီ ဟုပြောဆိုပြန်ကြားခဲ့ပြီး (အလ္လာဟ်အရှင်မြတ်အထံတော်၌) အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေမြူးတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှိပ်စက်ကလူပြုမူကြကုန်သောသူတို့၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြုတော်မမူပါနှင့်(ဟုပန်ကြားခဲ့ကြလေသည်။)
وَنَجِّنَا بِرَحْمَتِكَ مِنَ الْقَوْمِ الْكَافِرِينَ
ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ(ဟူ၍ဆုပန်ခဲ့ကြလေသတည်း။)
وَأَوْحَيْنَا إِلَىٰ مُوسَىٰ وَأَخِيهِ أَنْ تَبَوَّآ لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَاجْعَلُوا بُيُوتَكُمْ قِبْلَةً وَأَقِيمُوا الصَّلَاةَ ۗ وَبَشِّرِ الْمُؤْمِنِينَ
၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏ အမျိုးသားများ(ဖြစ်ကုန်သော အစ္စရာအီလီမျိုးနွယ်တို့)အဖို့ အီဂျစ်ပြည်တွင်ပင် နေအိမ်များကို သတ်မှတ်ကြလေကုန်။ ၎င်း ပြင် အသင်တို့သည် မိမိတို့၏နေအိမ်များကို’ဆွလာတ်’ ဝတ်ပြုရာဌာနများ (မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်များ) ပြုလုပ်ကြ လေကုန်။ ထို့ပြင် အသင်တို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထိုမှ တစ်ပါး(အို-နဗီတမန်တော်)မူစာ အသင်သည် မုအ်မင်န် သက်ဝင်ယုံ ကြည် သောသူတို့အား (၎င်း တို့ခံစားရလျက်ရှိနေသောဘေးအန္တရာယ်များမှ မကြာမီအတွင်း လွတ်မြောက်ကြတော့မည်ဖြစ် ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းကောင်းပြောကြားပါလေ။
وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَنْ سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။

Choose other languages: