Quran Apps in many lanuages:

Surah Yunus Ayahs #9 Translated in Burmese

هُوَ الَّذِي جَعَلَ الشَّمْسَ ضِيَاءً وَالْقَمَرَ نُورًا وَقَدَّرَهُ مَنَازِلَ لِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ مَا خَلَقَ اللَّهُ ذَٰلِكَ إِلَّا بِالْحَقِّ ۚ يُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင်နေကိုထွန်းတောက်စွာလည်းကောင်း၊ လကို လင်းဝင်းစွာ လည်းကောင်း၊ ပြုလုပ်တော်မူခဲ့သောအရှင် ဖြစ်တော်မူပေသည်။ထို့ပြင် ထိုအရှင်မြတ်သည် နှစ်များ၏ အရေအတွက်ကိုလည်းကောင်း၊ စာရင်းကိုလည်းကောင်း၊ အသင်တို့ သိနားလည်ကြအံ့သောငှာ၊ ယင်းလစန္ဒာ(သွားလာရန်)စခန်းများကို သတ်မှတ်၍ပေးတော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသည်(တို့)ကို မှန်ကန်သော ရည်ရွယ်ချက်နှင့်သာလျှင် ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည် သိနားလည်သူတို့အကျိုးငှာသက်သေလက္ခဏာရပ်တို့ကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသည်။
إِنَّ فِي اخْتِلَافِ اللَّيْلِ وَالنَّهَارِ وَمَا خَلَقَ اللَّهُ فِي السَّمَاوَاتِ وَالْأَرْضِ لَآيَاتٍ لِقَوْمٍ يَتَّقُونَ
ဧကန်မလွဲ ညဉ့်နှင့်နေ့တို့၏ပြောင်းလွဲမှု၌ လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတွင် အလ္လာဟ် အရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများ၌လည်းကောင်း၊(အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေ ခန့်ညားသူတို့အဖို့သက်သေလက္ခဏာများသည် ဧကန်မုချ ရှိချေသည်။
إِنَّ الَّذِينَ لَا يَرْجُونَ لِقَاءَنَا وَرَضُوا بِالْحَيَاةِ الدُّنْيَا وَاطْمَأَنُّوا بِهَا وَالَّذِينَ هُمْ عَنْ آيَاتِنَا غَافِلُونَ
ဧကန်အမှန် အကြင်သူတို့သည် ငါအရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မမျှော်လင့်ကြချေ။ ထို့ပြင် ၎င်း တို့သည်လောကီဘဝကိုပင် ကျေ��ပ်၍ ထိုလောကီ ဘဝနှင့်ပင် နှစ်သိမ့်စိတ်ဝင်စားကာ အာရုံစိုက်၍ နေခဲ့ကြလေသည်။ ၎င်း ပြင်အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကိုမေ့လျော့၊ လျစ်လျူရှုသူများ ဖြစ်ကြကုန်၏။
أُولَٰئِكَ مَأْوَاهُمُ النَّارُ بِمَا كَانُوا يَكْسِبُونَ
ထိုသူများပင် ၎င်း တို့သည်(ပြစ်မှုဒုစရိုက်များကို)ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသောကြောင့် ၎င်း တို့၏ ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်လတ္တံ့။
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ يَهْدِيهِمْ رَبُّهُمْ بِإِيمَانِهِمْ ۖ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ فِي جَنَّاتِ النَّعِيمِ
ဧကန်စင်စစ် အကြင်သူများသည် သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်း ပြင် ထိုသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ပြုလုပ်ဆောက်တည်ကြ၏။ ၎င်း တို့အား၎င်း တို့ကို ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုကြောင့် ချမ်းသာသုခနှင့် ပြည့်စုံသော ဥယျာဉ်များသို့ ပို့ဆောင်တော်မူမည် ဖြစ်သည်။ ၎င်း တို့(နေထိုင်ရာ)အောက်၌ �မ်းရေချောင်းများ စီးတွေလျက်ရှိပေမည်။

Choose other languages: