Quran Apps in many lanuages:

Surah Yunus Ayahs #53 Translated in Burmese

قُلْ لَا أَمْلِكُ لِنَفْسِي ضَرًّا وَلَا نَفْعًا إِلَّا مَا شَاءَ اللَّهُ ۗ لِكُلِّ أُمَّةٍ أَجَلٌ ۚ إِذَا جَاءَ أَجَلُهُمْ فَلَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့အားဤသို့)ပြောကြားပါလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အရေးကိစ္စမှတစ်ပါး မိမိကိုယ်နှင့် ပတ်သက်၍မည်သည့်ကျိုးယုတ်၊ ဆုံးရှုံးစေခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည် မဟုတ်ပေ။ လူမျိုးတိုင်းတွင် သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလသည်ရှိ၏။ ၎င်း တို့၏ သတ်မှတ်ပိုင်းခြားအပ်သော အချိန်ကာလ ရောက်ရှိလာသောအခါ ၎င်း တို့သည်တစ်နာရီခန့်မျှပင် ရွှေ့ဆိုင်းနိုင်ကြသည်လည်း မဟုတ်၊။စောနိုင်ကြသည်လည်း မဟုတ်ချေ။
قُلْ أَرَأَيْتُمْ إِنْ أَتَاكُمْ عَذَابُهُ بَيَاتًا أَوْ نَهَارًا مَاذَا يَسْتَعْجِلُ مِنْهُ الْمُجْرِمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ အကယ်၍ အသင်တို့၌ ထိုအရှင်မြတ်၏ပြစ်ဒဏ်သည် ညအချိန်၌ဖြစ်စေ၊ နေ့အချိန်၌ဖြစ်စေ၊ (ရုတ်တရက်) ဆိုက်ရောက်လာခဲ့ပါလျှင် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ (သို့ပါလျက်) ပြစ်မှုကျူးလွန်သူတို့သည် မည်သည့်အတွက်ကြောင့် ထိုပြစ်ဒဏ်ကျရောက်ရန် အလျင်လိုကြသနည်း။
أَثُمَّ إِذَا مَا وَقَعَ آمَنْتُمْ بِهِ ۚ آلْآنَ وَقَدْ كُنْتُمْ بِهِ تَسْتَعْجِلُونَ
အဘယ်သို့ပါနည်း၊ ထိုပြစ်ဒဏ် ကျရောက် လာသည့်နောက်မှသာ အသင်တို့သည် ယင်းပြစ်ဒဏ်ကို ယုံကြည်ကြမည်လော။ ယခုပင်(ယုံကြည်ကြလေသလော)။အမှန်စင်စစ်သော်ကား အသင်တို့သည် ထိုပြစ်ဒဏ်နှင့်စပ်လျဉ်း၍ ဧကန်မလွဲ အလျင်လိုခဲ့ကြကုန်သတည်း။
ثُمَّ قِيلَ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ الْخُلْدِ هَلْ تُجْزَوْنَ إِلَّا بِمَا كُنْتُمْ تَكْسِبُونَ
ထိုနောက် (မိမိကိုယ်ကို) နှိပ်စက်ကလူ ပြုခဲ့ကြသည် အစဉ်ထာဝရတည်အံ့သောအပြစ်ဒဏ်၏(အရသာ) ကိုမြည်းစမ်းကြလေကုန်။ အသင်တို့သည် မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသည်တို့မှတစ်ပါး မည်သည်ကိုမျှ အစားပေးခြင်းကိုခံကြရသည်မဟုတ်ပေတကား။
وَيَسْتَنْبِئُونَكَ أَحَقٌّ هُوَ ۖ قُلْ إِي وَرَبِّي إِنَّهُ لَحَقٌّ ۖ وَمَا أَنْتُمْ بِمُعْجِزِينَ
၎င်း ပြင် ထိုသူတို့သည် အသင့်အား ဤ(ပြစ်ဒဏ်ကျရောက်မည့်)ကိစ္စသည် မှန်ကန်ပါသလောဟု သတင်းမေးမြန်းစုံစမ်းကြကုန်သည်။ အသင်သည် (၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ ဟုတ်ပေသည်(ငါသည်)မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား တိုင်တည်၍ပြောကြားအံ့။ဧကန်မလွဲ ဤကိစ္စသည် အမှန်သာလျှင်ဖြစ်သည်။ ထို့ပြင်အသင်တို့သည် (မိမိတို့၌ ထိုပြစ်ဒဏ်မကျရောက်စေရန်)တားဆီးထားနိုင်ကြမည့်သူများလည်း မဟုတ်ကြပေ။

Choose other languages: