Quran Apps in many lanuages:

Surah Yunus Ayahs #109 Translated in Burmese

وَإِنْ يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِنْ يُرِدْكَ بِخَيْرٍ فَلَا رَادَّ لِفَضْلِهِ ۚ يُصِيبُ بِهِ مَنْ يَشَاءُ مِنْ عِبَادِهِ ۚ وَهُوَ الْغَفُورُ الرَّحِيمُ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
قُلْ يَا أَيُّهَا النَّاسُ قَدْ جَاءَكُمُ الْحَقُّ مِنْ رَبِّكُمْ ۖ فَمَنِ اهْتَدَىٰ فَإِنَّمَا يَهْتَدِي لِنَفْسِهِ ۖ وَمَنْ ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنَا عَلَيْكُمْ بِوَكِيلٍ
(အို-နဗီတမန်တော်) အသင်သည် (ဤသို့တစ်ဖန်) ပြောကြားပါလေ။ အို-လူအပေါင်းတို့၊ အမှန်စင်စစ်အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာခဲ့လေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုတရားလမ်းမှန်ကို ရရှိခဲ့ပါလျှင် ထိုသူသည် မိမိအကျိုးငှာ တရားလမ်းမှန်ကိုရရှိခဲ့သည်ပင်။ ထိုနည်းတူစွာ မည်သူမဆို လမ်းမှားခဲ့ပါမူထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့သည်ပင်။စင်စစ် ငါသည် အသင်တို့အပေါ်၌ တာဝန်ခံ မဟုတ်ချေတကား။
وَاتَّبِعْ مَا يُوحَىٰ إِلَيْكَ وَاصْبِرْ حَتَّىٰ يَحْكُمَ اللَّهُ ۚ وَهُوَ خَيْرُ الْحَاكِمِينَ
ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် မိမိထံ ထုတ်ပြန်တော်မူခြင်းခံရသော (ဝဟီ)အမိန့် တော်ကိုသာလိုက်နာပါလေ။ ၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါလေ။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: