Quran Apps in many lanuages:

Surah Ya-Seen Ayahs #58 Translated in Burmese

فَالْيَوْمَ لَا تُظْلَمُ نَفْسٌ شَيْئًا وَلَا تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ
သို့ဖြစ်ပေရာ ယနေ့သော်ကား မည်သူတစ်ဦးတစ်ယောက်မျှပင် အနည်းငယ် စိုးစဉ်းမျှပင် မတရားပြုမူခြင်းကို ခံရမည်မဟုတ်ပေ။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော အမှုကိစ္စတို့၏ အစားပေးခြင်းကိုသာလျှင် ခံကြရကုန်အံ့သတည်း။
إِنَّ أَصْحَابَ الْجَنَّةِ الْيَوْمَ فِي شُغُلٍ فَاكِهُونَ
ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသားတို့သည် ယနေ့(မိမိတို့၏)အရေးကိစ္စများမှ မွေ့လျော် ရွှင်ပျော်လျက် ရှိကြပေမည်။
هُمْ وَأَزْوَاجُهُمْ فِي ظِلَالٍ عَلَى الْأَرَائِكِ مُتَّكِئُونَ
၎င်းတို့နှင့် ၎င်းတို့၏ ကြင်ရာကြင်ဖက်တို့သည် အရိပ်အာဝါသများအောက်တွင် သလွန်များထက်ဝယ် မှီအုံးများကို မှီအုံးလျက် ထိုင်နေကြပေမည်။
لَهُمْ فِيهَا فَاكِهَةٌ وَلَهُمْ مَا يَدَّعُونَ
၎င်းတို့အဖို့ ယင်း"ဂျန္နတ်" သုခဘုံ၌ (အမျိုးမျိုးသော) သစ်သီးဝလံများလည်း ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့တောင်းသမျှသော အရာများလည်း ရှိကြပေမည်။
سَلَامٌ قَوْلًا مِنْ رَبٍّ رَحِيمٍ
ဖန်ဆင်းမွေးမြူတော်မူသော အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်အထံတော်မှ "စလာမ်" (ချမ်းမြေ့သာယာစေ)ဟူ၍ မိန့်ကြားတော်မူအံ့သတည်း။

Choose other languages: