Quran Apps in many lanuages:

Surah Ya-Seen Ayahs #33 Translated in Burmese

إِنْ كَانَتْ إِلَّا صَيْحَةً وَاحِدَةً فَإِذَا هُمْ خَامِدُونَ
(စင်စစ် ထိုမြို့သူမြို့သားတို့၌ သက်ရောက်ခဲ့သောပြစ်ဒဏ်မှာ) ပြင်းထန်စွာသော ဟစ်အော်သံ တစ်ခုသာလျှင် ဖြစ်ခဲ့၏။ ထိုအခါ ၎င်းတို့မှာ ရုတ်တရက် (ဇီဝိန်ချုပ်)ငြိမ်းသွားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
يَا حَسْرَةً عَلَى الْعِبَادِ ۚ مَا يَأْتِيهِمْ مِنْ رَسُولٍ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ
ဪ-အကြင်ကျွန်များ(၏အခြေအနေမှာ) ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှဘိ၏တကား။ ၎င်းတို့ထံ မည်သည့် "ရစူလ်" တမန်တော်တစ်ပါးမဆို ရောက်ရှိ၍လာသည်ရှိသော် ၎င်းတို့သည် ထို"ရစူလ်" တမန်တော်အား ပြက်ရယ်ပြောင်လှောင်ခဲ့ကြသည် ချည်းသာဖြစ်၏။
أَلَمْ يَرَوْا كَمْ أَهْلَكْنَا قَبْلَهُمْ مِنَ الْقُرُونِ أَنَّهُمْ إِلَيْهِمْ لَا يَرْجِعُونَ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် မြောက်မြားစွာသော လူမျိုးဆက်တို့ကို ဖျက်ဆီးတော်မူခဲ့ရာ ထိုပျက်စီးခဲ့ကြရသော လူမျိုးဆက်တို့မှာ ၎င်းတို့ထံ ပြန်လာကြမည် မဟုတ်သည်ကို ၎င်းတို့သည် မမြင်ခဲ့ကြလေသလော။
وَإِنْ كُلٌّ لَمَّا جَمِيعٌ لَدَيْنَا مُحْضَرُونَ
ထိုမှတစ်ပါး (၎င်းတို့)အားလုံးတို့သည် ငါအရှင်မြတ်အထံတော်သို့ အဆင်သင့်ရောက်ရှိစေခြင်းကို ခံကြရမည့်သူများသာ ဖြစ်ကြကုန်သတည်း။
وَآيَةٌ لَهُمُ الْأَرْضُ الْمَيْتَةُ أَحْيَيْنَاهَا وَأَخْرَجْنَا مِنْهَا حَبًّا فَمِنْهُ يَأْكُلُونَ
စင်စစ်သော်ကား ၎င်းတို့အဖို့ သက်သေ လက္ခဏာတစ်ရပ်မှာ (သွေ့ခြောက်လျက်ရှိသော) မြေသေပင်ဖြစ်၏။ငါအရှင်မြတ်သည် ယင်းမြေသေကို ရှင်စေတော်မူပြီးနောက် ယင်းမြေမှ ကောက်ပဲသီးနှံကို ထွက်စေတော်မူခဲ့ရာ ၎င်းတို့သည် ယင်းကောက်ပဲသီးနှံများကို စားသုံးလျက် ရှိကြကုန်၏။

Choose other languages: