Quran Apps in many lanuages:

Surah Ta-Ha Ayahs #10 Translated in Burmese

لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَمَا بَيْنَهُمَا وَمَا تَحْتَ الثَّرَىٰ
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊ မိုးကောင်းကင်များနှင့်ပထဝီမြေတို့၏ အကြားဝယရှိသမျှတို့သည်လည်းကောင်း၊ မြေအောက်၌ရှိသမျှ တို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသည်လျှင် ဖြစ်ကုန်၏။
وَإِنْ تَجْهَرْ بِالْقَوْلِ فَإِنَّهُ يَعْلَمُ السِّرَّ وَأَخْفَى
(အို-နဗီတမန်တော်) အကယ်၍ အသင်သည်အသံကျယ်စွာ စကားပြောဆိုပါလျှင်လည်း (ထိုအရှင်မြတ်သည်သိတော်မူသည်သာဖြစ်၏။) ဧကန်စင်စစ် ထိုအရှင်မြတ်သည်စိတ်ထဲတွင် ပြောဆိုသောစကားကို လည်းကောင်း၊ စိတ်ထဲတွင်ပေါ်ပေါက်ရုံမျှ ရှိသေးသောစကားကိုလည်းကောင်း၊ သိရှိတော်မူ၏။
اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْأَسْمَاءُ الْحُسْنَىٰ
(ထိုအရှင်ကား) အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်၌ အမွန်မြတ်ဆုံးသော နာမံတော်များသည် ရှိကုန်သတည်း။
وَهَلْ أَتَاكَ حَدِيثُ مُوسَىٰ
၎င်းပြင် (နဗီတမန်တော်)မူစာ၏ အကြောင်းသတင်းသည် အသင့်ထံ ရောက်လာခဲ့လေပြီလော။
إِذْ رَأَىٰ نَارًا فَقَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَعَلِّي آتِيكُمْ مِنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى النَّارِ هُدًى
တစ်ရံရောအခါဝယ် ယင်း(နဗီတမန်တော်)မူစာသည် မီးတစ်ခုကို မြင်လေသော် မိမိအိမ်သူ အိမ်သားတို့အား အသင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်း၍နေရစ်ကြလေကုန်။ ဧကန်မလွဲ ကျွန်ုပ်သည် မီးတစ်ခုကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ထိုမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ရာ၏။ သို့တည်းမဟုတ် ကျွန်ုပ်သည်မီ၏အနီးတွင် လမ်းညွှန်တစ်စုံတစ်ရာကို တွေ့ရှိတန်ရာသည်ဟု ပြောဆိုလေ၏။

Choose other languages: