Quran Apps in many lanuages:

Surah Ta-Ha Ayahs #13 Translated in Burmese

وَهَلْ أَتَاكَ حَدِيثُ مُوسَىٰ
၎င်းပြင် (နဗီတမန်တော်)မူစာ၏ အကြောင်းသတင်းသည် အသင့်ထံ ရောက်လာခဲ့လေပြီလော။
إِذْ رَأَىٰ نَارًا فَقَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَعَلِّي آتِيكُمْ مِنْهَا بِقَبَسٍ أَوْ أَجِدُ عَلَى النَّارِ هُدًى
တစ်ရံရောအခါဝယ် ယင်း(နဗီတမန်တော်)မူစာသည် မီးတစ်ခုကို မြင်လေသော် မိမိအိမ်သူ အိမ်သားတို့အား အသင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်း၍နေရစ်ကြလေကုန်။ ဧကန်မလွဲ ကျွန်ုပ်သည် မီးတစ်ခုကို တွေ့မြင်ရလေသည်။ ကျွန်ုပ်သည် ထိုမီးမှ မီးကျီးမီးခဲကို အသင်တို့ထံ ယူဆောင်လာနိုင်ရာ၏။ သို့တည်းမဟုတ် ကျွန်ုပ်သည်မီ၏အနီးတွင် လမ်းညွှန်တစ်စုံတစ်ရာကို တွေ့ရှိတန်ရာသည်ဟု ပြောဆိုလေ၏။
فَلَمَّا أَتَاهَا نُودِيَ يَا مُوسَىٰ
ထို့နောက် ယင်း(နဗီတမန်တော်)မူစာသည် ထိုမီး၏အနီးသို့ ရောက်လတ်သော် အို-မူစာ ဟု အသံပြုခြင်းကိုခံခဲ့ရလေသည်။
إِنِّي أَنَا رَبُّكَ فَاخْلَعْ نَعْلَيْكَ ۖ إِنَّكَ بِالْوَادِ الْمُقَدَّسِ طُوًى
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်။ သို့ဖြစ်ပေရာအသင်သည် မိမိ ဖိနပ်နှစ်ဖက်ကို ချွတ်ပါ လေ။ ဧကန်စင်စစ်အသင်သည် ထူးမြတ်သော တွုဝါ တောင်ကြားအရပ်၌(ရောက်)ရှိနေချေပြီ။
وَأَنَا اخْتَرْتُكَ فَاسْتَمِعْ لِمَا يُوحَىٰ
စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။

Choose other languages: