Quran Apps in many lanuages:

Surah Ta-Ha Ayahs #28 Translated in Burmese

اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ
(ယခုသော်) အသင်သည် ဖိရ်အောင်(န်)ထံ သို့သွားလေ။ ဧကန်မလွဲ ယင်းဖစ်ရ်အောင်န်ကား သွေဖည်ရာတွင်လွန်ကျူးနေချေပြီ။
قَالَ رَبِّ اشْرَحْ لِي صَدْرِي
(ထိုအခါ) ယင်းမူစာက(ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်းကြည်လင်စေတော်မူပါ။
وَيَسِّرْ لِي أَمْرِي
၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏အရေးကိစ္စကို လွယ်ကူစေတော်မူပါ။
وَاحْلُلْ عُقْدَةً مِنْ لِسَانِي
ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏ လျှာမှအထုံးကို ဖြေ၍ ပေးတော်မူပါ။
يَفْقَهُوا قَوْلِي
သို့မှသာလျှင် လူတို့သည်ကျွန်တော်မျိုး၏စကားကနား လည်နိုင်ကြမည်ဖြစ်ပါသည်။

Choose other languages: