Quran Apps in many lanuages:

Surah Ta-Ha Ayahs #26 Translated in Burmese

وَاضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ آيَةً أُخْرَىٰ
ထို့ပြင် အသင်သည် မိမိ(ယာဘက်)လက်ကို မိမိ(ဝဲဘက်)ချိုင်းကြားတွင် သွင်းလေ၊ ယင်းလက်မှာ နောက်ထပ်သက်သေလက္ခဏာတော်တစ်ပါးအဖြစ် အပြစ်အနာအဆာလုံးဝမရှိဘဲ၊ လင်းဝင်းထွန်းတောက်လျက် ထွက်ပေါ်၍လာပေမည်။
لِنُرِيَكَ مِنْ آيَاتِنَا الْكُبْرَى
(ဤသို့ ဖြစ်စေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် မိမိကြီးကျယ်စွာသော သက်သေလက္ခဏာတော် များအနက် (အချို့ကို) အသင့်အား ပြသတော်မူရန် ဖြစ်ချေသည်။
اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ
(ယခုသော်) အသင်သည် ဖိရ်အောင်(န်)ထံ သို့သွားလေ။ ဧကန်မလွဲ ယင်းဖစ်ရ်အောင်န်ကား သွေဖည်ရာတွင်လွန်ကျူးနေချေပြီ။
قَالَ رَبِّ اشْرَحْ لِي صَدْرِي
(ထိုအခါ) ယင်းမူစာက(ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်းကြည်လင်စေတော်မူပါ။
وَيَسِّرْ لِي أَمْرِي
၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏အရေးကိစ္စကို လွယ်ကူစေတော်မူပါ။

Choose other languages: