Quran Apps in many lanuages:

Surah Ta-Ha Ayahs #23 Translated in Burmese

قَالَ أَلْقِهَا يَا مُوسَىٰ
ထိုအရှင်မြတ်က အို-မူစာ အသင်သည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချပါလေဟု မိန့်ကြားတော်မူခဲ့လေ၏။
فَأَلْقَاهَا فَإِذَا هِيَ حَيَّةٌ تَسْعَىٰ
သို့ဖြစ်ပေရာ ထိုမူစာသည် ယင်းတောင်ဝှေးကို(မြေကြီးပေါ်သို့)ပစ်ချခဲ့သောအခါ ရုတ်တရက် ယင်းတောင်ဝှေးသည် လှုပ်ရှား သွားလာနေသော မြွေတစ်ကောင် ဖြစ်နေလေေတော့၏။
قَالَ خُذْهَا وَلَا تَخَفْ ۖ سَنُعِيدُهَا سِيرَتَهَا الْأُولَىٰ
ထိုအရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူခဲ့လေ၏။ (အို-မူစာ) အသင်သည် ယင်းေ>မကို (မိမိလက်ဖြင့်)ကိုင်ဖမ်းပါလေ။ ၎င်းပြင် အသင်မကြောက်နှင့် ယခုပင်ငါအရှင်မြတ်သည် ယင်းေ>မကို ၎င်း၏ မူလပထမအခြေအနေအတိုင်း ပြန်လည်၍ဖြစ်စေတော်မူမည်။
وَاضْمُمْ يَدَكَ إِلَىٰ جَنَاحِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ آيَةً أُخْرَىٰ
ထို့ပြင် အသင်သည် မိမိ(ယာဘက်)လက်ကို မိမိ(ဝဲဘက်)ချိုင်းကြားတွင် သွင်းလေ၊ ယင်းလက်မှာ နောက်ထပ်သက်သေလက္ခဏာတော်တစ်ပါးအဖြစ် အပြစ်အနာအဆာလုံးဝမရှိဘဲ၊ လင်းဝင်းထွန်းတောက်လျက် ထွက်ပေါ်၍လာပေမည်။
لِنُرِيَكَ مِنْ آيَاتِنَا الْكُبْرَى
(ဤသို့ ဖြစ်စေတော်မူခြင်းမှာ) ငါအရှင်မြတ်သည် မိမိကြီးကျယ်စွာသော သက်သေလက္ခဏာတော် များအနက် (အချို့ကို) အသင့်အား ပြသတော်မူရန် ဖြစ်ချေသည်။

Choose other languages: