Quran Apps in many lanuages:

Surah Sad Ayahs #76 Translated in Burmese

فَإِذَا سَوَّيْتُهُ وَنَفَخْتُ فِيهِ مِنْ رُوحِي فَقَعُوا لَهُ سَاجِدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားအား နေထားကျနစုံလင်စွာ ပြုလုပ်တော်မူပြီးလျှင် ၎င်း(၏ခန္ဓာကိုယ်) အတွင်းဝယ် မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့သောအခါ အသင်တို့သည် ၎င်း၏ရှေ့ဝယ် ‘စဂျ်ဒဟ်’ပျပ်ဝပ်ဦးချကြလေကုန်။
فَسَجَدَ الْمَلَائِكَةُ كُلُّهُمْ أَجْمَعُونَ
ဆိုခဲ့ပြီးအတိုင်း "မလာအိကဟ်" ကောင်းကင်တမန်အပေါင်းတို့သည် အားလုံးပင် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချကြကုန်၏။
إِلَّا إِبْلِيسَ اسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ
သို့ရာတွင် "ဗ်လီစ်" မှာမူကား မောက်မာပလွှား၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သူတို့တွင် အပါအဝင်ဖြစ်သွားခဲ့လေ၏။
قَالَ يَا إِبْلِيسُ مَا مَنَعَكَ أَنْ تَسْجُدَ لِمَا خَلَقْتُ بِيَدَيَّ ۖ أَسْتَكْبَرْتَ أَمْ كُنْتَ مِنَ الْعَالِينَ
(ထိုအခါ) ထိုအရှင်မြတ်သည် "အို-ဗ်လီစ်"၊ငါအရှင် မိမိလက်တော်နှစ်ဖက်ဖြင့် ပြုလုပ်တော်မူခဲ့သောသူ၏ရှေ့ဝယ် "စဂျ်ဒဟ်" ပျပ်ဝပ်ဦးချခြင်းမှ အသင့်အား မည့်သည့်အရာက တားမြစ်ခဲ့သနည်း။ အသင်သည် မာန်မာနထောင်လွှားလေသလော။ သို့တည်းမဟုတ် အသင်သည် (အကယ်စင်စစ်) မြင့်မြတ် သောသူတစ်ဦး ဖြစ်လေသလော" ဟု မိန့်ကြားတော်မူခဲ့၏။
قَالَ أَنَا خَيْرٌ مِنْهُ ۖ خَلَقْتَنِي مِنْ نَارٍ وَخَلَقْتَهُ مِنْ طِينٍ
ထို"ဗ်လီစ်"က (အို-အရှင်မြတ်၊)ကျွန်တော်မျိုးသည် ထိုလူသားထက် မြင့်မြတ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးအား မီးဖြင့် ဖန်ဆင်းတော်မူ၍ ထိုလူသားကိုမူကား ရွှံ့မြေဖြင့် ဖန်ဆင်းတော်မူခဲ့ပါသည်"ဟု လျှောက်ထားခဲ့လေသည်။

Choose other languages: